ကောလင်းက “ခံစားလာကာ” သစ်တောကြိုးဝိုင်းမှာ ဆင်နှစ်ကောင် မွေးဖွား

0
385

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်က ခံစားလာကာ သစ်တောကြိုးဝိုင်းမှာ ဇန်နဝါရီလအတွင်းမှာ ဆင်နှစ်ကောင် မွေးဖွားခဲ့ပါတယ်။

အဲဒီဆင်နှစ်ကောင်ကို ဇန်နဝါရီ ၁၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ မွေးဖွားခဲ့တာလို့ ခံစားလာကာ သစ်တောကြိုးဝိုင်းက တာဝန်ရှိသူတစ်ဦးက MCN သတင်းဌာနကို ဖြေကြားခဲ့တာပါ။

ဆင်နှစ်ကောင်စလုံးဟာ အထီးနဲ့အမ ဖြစ်ပြီး လက်ရှိမှာလည်း ဆင်တွေအတွက် ကျန်းမာရေး စိုးရိမ်စရာမရှိဘူးလို့ သစ်ထုတ်လုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကောလင်းမြို့နယ်၊ ခံစားလာကာ သစ်တောကြိုးဝိုင်းထဲမှာ ဆင်နှစ်ကောင်မွေးဖွားမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)