ရှင်ဖုန်းရဲ့ စတုတ္ထမြောက် တေးစီးရီးခွေ ဖေဖော်ဝါရီ ၅ ရက်နေ့ ဖြန့်ချိမယ်

0
285

တေးသံရှင် ရှင်ဖုန်းရဲ့ တစ်ကိုယ်တော်ခွေသစ်ဖြစ်တဲ့ “မင်းနဲ့အတူတူ”လို့ အမည်ရတဲ့ တေးစီးရီးကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဘိုဘို အင်တာတိန်းမန့်ကနေ ဖြန့်ချိသွားတော့မှာ ဖြစ်ပါတယ်။

အဲဒီအခွေဟာ ရှင်ဖုန်းရဲ့ စတုတ္ထမြောက်အခွေဖြစ်ပြီး သီချင်း ၁၂ ပုဒ်ပါဝင်တယ်လို့ ဒီကနေ့ လုပ်တဲ့ တေးစီးရီး မိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာပါ။
ဒီအခွေမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပေမဲ့ ၂ ပုဒ်က သီချင်းအဟောင်းကို ပြန်ဆိုထားတာဖြစ်တယ်လို့လည်း တေးသံရှင် ရှင်ဖုန်းက ဆိုပါတယ်။

ဒီအခွေမှာ အဆိုတော် ဖြိုးပြည့်စုံ၊ မိုးဈာန်၊ ကျော်သီဟ၊ ရွှေရည်ဖြိုးမောင်တို့က Featuring အဖြစ် အားဖြည့်သီဆိုပေးထားကြပြီး တေးရေးတွေကတော့ စည်သူလွင်၊ ဆောင်းဦးလှိုင်၊ သားကြီး၊ မီးမီးခဲ၊ ကိုလေးလွင်၊ လူအောင်(ဆေး-၁)၊ ဝင်းမော်(ရွှေသံစဉ်)၊ မောင်ကိုမြင့်နဲ့ ရှင်ဖုန်းကိုယ်တိုင်တို့ပဲ ဖြစ်ပါတယ်။

တေးသံရှင် ရှင်ဖုန်းဟာ အဆိုတော် အဲလက်စ်ရဲ့ ညီမတော်စပ်သူဖြစ်ပြီး ရင်ခုန်မိသူ၊ အလိုအပ်ဆုံးနဲ့ ကြင်နာသူကမ်းမယ့်လက် ဆိုတဲ့ အခွေသုံးခွေထွက်ပြီးနောက်မှာ ငါးနှစ်လောက် အခွေမထွက်ဘဲ နေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)