ဖြူးမြို့နယ်မှာ စစ်လက်ကျန် ကျည်တစ်တောင့် ကွင်းချောင်းအတွင်းက တွေ့ရှိ

0
305

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကညွှတ်ကွင်းမြို့၊ ဖြူးမြို့နယ်က ရွာတစ်ရွာမှာ ဇန်နဝါရီ ၂၇ ရက်နေ့က စစ်လက်ကျန် ကျည်တစ်တောင့် တွေ့ရှိခဲ့ပါတယ်။
အဲဒီကျည်ကို ဖြိုးမြို့နယ်၊ မင်းလမ်းကူး ကျေးရွာအုပ်စု၊ ရေအိုးစင် ကျေးရွာမှာ တွေ့ရှိခဲ့တာပါ။

ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီ ၂၅ မိနစ်မှာ ရပ်မိရပ်ဖဖြစ်သူ ဦးအေးသန်းက ကညွတ်ကွင်း နယ်မြေရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက်မှာ စခန်းမှူး ရဲအုပ်စန်းဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စည်သူထက်၊ ကွင်းချောင်းအမြန်လမ်း ရဲကင်းက ရဲတပ်ကြပ်ကြီး စိုးမြင့်နဲ့ ဦးအေးသန်းတို့ အတူ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကျည်ဆန်ဟာ လုံးပတ် ၁၀ လက်မ၊ အရှည် ၂၂ လက်မရှိပြီး စစ်ကျည်ဆန် တစ်တောင့်ဖြစ်ပါတယ်။ ကွင်းချောင်းအတွင်း သဲမှုတ်လုပ်ငန်းလုပ်ကိုင်တဲ့ ထိန်လင်း (၂၈ နှစ်)နဲ့ ကရင် (၂၇ နှစ်)တို့ နှစ်ဦးက သဲမှုတ်စက်နဲ့ ကုန်းပေါ် သဲတွေမှုတ်တင်စဉ်မှာ ချောင်းအတွင်းကနေ ကျည်ဆန်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိထားတဲ့ ကျည်ဆန်ကို ရဲတပ်ဖွဲ့က အမှတ် (၄၃၉) ခြေမြန်တပ်ရင်းကို အပ်နှံသွားဖို့ စီစဉ်ထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)