သန်လျင်တံတားပေါ်မှာ လိုက်ထရပ်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

0
310

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်က သန်လျင်တံတားပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

သန်လျင်တံတားပေါ်က တိုင်အမှတ် (၈)အနီးမှာ ရေသန့်ဗူးခွံတွေ သယ်ဆောင်လာတဲ့ လိုက်ထရပ် ကိုယ်ပိုင်ယာဉ်တစ်စီး မီးလောင်ခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့တာကြောင့် ၁ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းခဲ့ပါတာပဲ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ယော်ကမှ မရှိဘူးလို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)