သီလဝါ အထူးစီးပွားရေးဇုန်ကို ဖေဖော်ဝါရီလအတွင်းမှာ တိုးချဲ့မယ်

0
339

ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ ဖော်ဆောင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်တဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို ဖေဖော်ဝါရီလ ကုန်ပိုင်းလောက်မှာ တိုးချဲ့ဖို့ရှိနေပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက လည်ပတ်နေတာဖြစ်ပြီး ဂျပန်ကုမ္ပဏီတွေအပါအဝင် စီးပွားရေးကုမ္ပဏီအရေအတွက် များလာတဲ့အတွက် ခုလို တိုးချဲ့တော့မှာ ဖြစ်ပါတယ်။

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်ဟာ ဟက်တာ ၄၀၀ အကျယ်အဝန်းရှိပြီး နောက်ထပ် ဟက်တာ ၁၀၀ တိုးချဲ့သွားမှာပါ။ တိုးချဲ့မှု ပထမအဆင့်ကိုတော့ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်အပြီး ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်ဟာ ရန်ကုန်မြို့ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင်လောက်အကွာမှာ တည်ရှိပြီး ဂျပန်နိုင်ငံက မစ်ဆူဘီရီကော်ပိုရေးရှင်း၊ ဆူမီတိုမိုကော်ပိုရေးရှင်း၊ မာရူဘဲနိကော်ပိုရေးရှင်းနဲ့ ဂျပန်အစိုးရပိုင် ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းအေဂျင်စီ တို့ ပူးပေါင်းစုဖွဲ့ထားတဲ့ လုပ်ငန်းစုကြီးက ရင်းနှီးမြှုပ်နှံထားကာ မြန်မာနိုင်ငံက ကုမ္ပဏီတွေကလည်း ပူးတွဲ လုပ်ကိုင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)