ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ

0
279

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးကို ခေါ်ယူ တွေ့ဆုံလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၇) ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ရွှေတောင်ကြားရှိ အဲ့ဒီပါတီဌာနချုပ်မှာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ (Mr. Mohammad Sufiur Rahman) တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက အသေးစိတ်ကို သတင်းထုတ်ပြန်တာမျိုး မရှိပေမဲ့ မြန်မာနိုင်ငံအနောက်ဘက် ဒေသက ရွှေ့ပြောင်းနေထိုင်သူတွေအရေး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ သတင်းရပ်ကွက်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)