ဦးကိုနီ အသတ်ခံရမှု ဖြစ်စဉ်အမှန် ပေါ်ပေါက်ဖို့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမယ်လို့ တပ်မတော် ထုတ်ပြန်

0
262

NLD ပါတီ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဖမ်းဆီးရမိဖို့ တပ်မတော်အနေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံပစ်သတ်ခံရပြီး တစ်ရက်အကြာ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေပိုင်းမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အဲဒီလို ထုတ်ပြန်လိုက်တာပါ။

NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ရန်ကုန် လေဆိပ် Terminal 1 အနီးမှာ ကြည်လင်းဆိုသူရဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာပါ။ လက်ရှိမှာ ပစ်သတ်သူကို အငှားယာဉ်မောင်းတွေရဲ့ အကူအညီနဲ့ ဖမ်းမိထားပြီး အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးနေဝင်းလည်း ကြည်လင်းရဲ့ သေနတ်ကြောင့် သေဆုံးခဲ့ရပါတယ်။