အလုပ်ဖြုတ်ခံရတဲ့ မြန်မာ အလုပ်သမား ၅၀ ထိုင်းလုပ်ငန်းရှင်နဲ့ ပြန်ပြေလည်မှုရရှိ

0
328

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် ဖိကဆင် (၉၁)လမ်းထဲက ဆေးဆိုးပန်းရိုက်လုပ်ငန်းကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ဦးဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အလုပ်ရှင်နဲ့ ပြေလည်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ပါတယ်။

thai3

ထိုင်းအလုပ်ရှင်က မြန်မာ အလုပ်သမား ၅၀ ကို အလုပ်ဖြုတ်ခဲ့ပေမဲ့ ညှိနှိုင်းမှုတွေ လုပ်ပြီးနောက်မှာ ပြန်ပြီး ပြေလည်ခဲ့တာလို့ ရွှေ့ပြောင်းမြန်မာအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC(မဟာမိတ်)အဖွဲ့က ဦးနေလင်းသူက MCN သတင်းဌာနကို ပြောကြားခဲ့တာပါ။

အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၅၀ ဟာ အလုပ်ချိန်ကျော်လွန်ပြီး အလုပ်လုပ်ရတာတွေ ရှိပြီး လုပ်ခထုတ်တဲ့ ရက်တွေမှာလည်း နောက်ကျတဲ့အထိ အလုပ်ဆင်းပေးရတာကြောင့် ထိုင်းလုပ်ငန်းရှင်ကို ပြန်ပြောပြရာမှာ အလုပ်ကနေ ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့နဲ့ စမွတ်စာခွန်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနတို့က ပူးပေါင်းဖြေရှင်းပေးခဲ့တာကြောင့် ပြေလည်မှုရရှိခဲ့တာဖြစ်တယ်လို့ AAC(မဟာမိတ်)အဖွဲ့ဝင် ဦးနေလင်းသူက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)