မောင်တောမှာ ကျေးရွာ ဆယ်အိမ်မှူးဟောင်းတစ်ယောက် ထပ်မံ အသတ်ခံရ

0
312

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကျေးရွာဆယ်အိမ်မှူးဟောင်းတစ်ယောက် အသတ်ခံခဲ့ရပြီး အဲဒီ ဆယ်အိမ်မှူးဟောင်းရဲ့ အလောင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီမှာ တွေ့ရှိခဲ့ပါတယ်။

rakhine

အသတ်ခံရသူဟာ ဘဒကားကျေးရွာမှာ ဆယ်အိမ်မှူးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ဆီရာဇူဟွတ်လို့ အမည်ရပါတယ်။

ဆီရာဇူဟွတ်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ကတည်းက နေအိမ်ကနေ ပျောက်ဆုံးနေတာဖြစ်ပြီး ဝက်ကျိန်းကျေးရွာနဲ့ ဘဒကားကျေးရွားကြားက ပြူးမချောင်းဘေး မြေနုကျွန်းမှာ အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးရာမှာ ဆီရာဇူဟွတ်ဖြစ်နေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)