Eleven Media Group အနေနဲ့ ခိုင်မာတဲ့ မူဝါဒတစ်ခုအပေါ်မှာ ရပ်တည် သင့်တယ်လို့ ပန်းချီ ထိန်လင်းမှဆို

0
328

Eleven Media Group အနေနဲ့ ခိုင်မာတဲ့ မူဝါဒတစ်ခုအပေါ်မှာ ရပ်တည်ပြီး ကိုယ့်ရဲ့ သတင်းမီဒီယာကို တည်ဆောက်ဖို့လိုတယ်လို့ ပန်းချီပညာရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။

15731614_1040123419448005_278503549_n

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို Eleven Media Group မှ ဝန်ချ တောင်းပန်လိုက်တဲ့အပေါ်မှာ MCN သတင်းဌာနမှ သီးခြား ဆက်သွယ်မေးမြန်းကို အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် ကိုယ်ရရှိခဲ့တဲ့ သတင်းဟာ မှန်ကန်မှု ရှိ/မရှိကို အသေချာစစ်ဆေးဖို့လိုအပ်ပြီး မှန်ကန်မှုမရှိတဲ့ သတင်းမျိုးတွေကို အခုလိုဖော်ပြဖို့လိုသလိုပဲ တိကျတဲ့သတင်းတွေအပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ဖော်ပြသင့်တယ်လို့ပြောပါတယ်။

မှန်ကန်တဲ့ သတင်းမျိုးကို ဖော်ပြမိခဲ့ရင်လည်း ချက်ချင်းတောင်းပန်ရမှာဖြစ်တယ်လို့လည်း မှတ်ချက်ပြုပြောကြားပါတယ်။ အခုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ အချိန်ကာလတစ်ခုထိ ရောက်ရှိခဲ့ပြီးမှ ဝန်ချတောင်းပန်မှုပြုရတဲ့အခါ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့မီဒီယာကို ပြည်သူတွေက ယုံကြည်မှု နည်းသွားစေတယ်လို့ ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)