မိခင်ကြီး ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သံဃာတွေကို ဆွမ်းလှူဒါန်း

0
263

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ သီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့်အဖြစ် သံဃာတော် (၁၅) ပါးကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

15727302_1603157256366336_4205777538177036070_n

အဲဒီ ဆွမ်းဆက်ကပ်မှုကို ရန်ကုန်မြို့ရှိ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာတော် သံဃာတော်များထံမှ ငါးပါးသီးလနဲ့ ပရိတ်တရား တော် နာယူခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နဲ့ မိသားစုဆွေမျိုး မိတ်သင်္ဂဟတွေ တက်ရောက်ခဲ့ ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)