မလေးရှားက ရခိုင်ပြည်နယ်အတွက် အကူအညီတွေ ဇန်နဝါရီမှာ စပို့မယ်

0
294

ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် မလေးရှားနိုင်ငံက လာမယ့် ဇန်နဝါရီလမှာ ရေကြောင်းခရီးကနေ အကူအညီတွေ ပေးပို့တော့မှာ ဖြစ်ပါတယ်။အဲဒီအကူအညီတွေထဲမှာ စပါး တန် ၂၀၀ နီးပါး၊ ဆေးဝါးပစ္စည်းတွေနဲ့ တခြား လိုအပ်တဲ့ အခြေခံ အထောက်အပံ့တွေ ပါဝင်မှာဖြစ်ပါတယ်။

malaysia

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်စခန်း အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ တပ်မတော်က နယ်မြေတည်ငြိမ်အေးချမ်းရေးတွေ ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ ရေကြောင်းကနေ ပေးပို့မယ့် အကူအညီတွေကို မလေးရှားအစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများဆိုင်ရာ အတိုင်ပင်ခံကောင်စီ (Mapim)၊ Kelab Putera 1 Malaysia အဖွဲ့နဲ့ တခြား အန်ဂျီအိုအဖွဲ့တွေ စုပေါင်းထားတဲ့ အဖွဲ့တို့က ပူးပေါင်းပြီး ပေးပို့တာ ဖြစ်ပါတယ်။ ဒီလိုအကူအညီတွေ ပေးပို့တာဟာ ဘာသာရေးကိစ္စမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ပို့တာဖြစ်တယ်လို့လည်း Mapim အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဇူဟာနစ်ဇိုင်နော်လ်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)