ထိုင်းမှာ ကားမှောက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား လေးဦး သေဆုံး

0
301

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စီးလာတဲ့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူလေးဦးသေဆုံးပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

15750264_638504619686108_73923485_n

အဲဒီယာဉ်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ ချွဖုံဘက်ကို သွားတဲ့ လမ်းမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီလောက်မှာ ချွန်ဖုံပါနန်အရောက်လမ်းဘေးက ဓာတ်တိုက်တစ်ခုကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာပါ။

မော်တော်ယာဉ်ပေါ်မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး လိုက်ပါလာပြီး လေးဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိတဲ့ ၁၄ ဦးဟာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရခဲ့တာကြောင့် ချွန်ဖုံဆေးရုံမှာ အရေးပေါ်လူနာတွေအဖြစ် တက်ရောက် ကုသမှု ခံယူနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)