အခြေအမြစ်မရှိတဲ့ အချက်အလက်တွေ ဖော်ပြခဲ့မိလို့ အလဲဗင်းမီဒီယာ ဝန်ချတောင်းပန်

0
344

အလဲဗင်းမီဒီယာရဲ့ အယ်ဒီတာ့အာဘော်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားတဲ့ လွဲမှားတဲ့အချက်အလက်တွေကို ကိုးကားဖော်ပြခဲ့မိတဲ့အတွက် အလဲဗင်းမီဒီယာဂရုက ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့မှာ ဝန်ချတောင်းပန်လိုက်ပါတယ်။

phyo-min-thein

အလဲဗင်းမီဒီယာရဲ့ ရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ခု ထိခိုက်နစ်နာမှုဖြစ်စေခဲ့သူအားလုံးကို အလဲဗင်းမီဒီယာဂရုရဲ့ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အလဲမင်းမီဒီယာဂရုက တာဝန်ရှိသူတွေအနေနဲ့ နောက်နောင် အဲဒီလိုမဖြစ်စေရဘူးဆိုတဲ့ ဝန်ခံချက်နဲ့အတူ ဝန်ချတောင်းပန်ခဲ့တာပါ။

အလဲမင်းမီဒီယာဟာ ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းတန် Patek Phillippe နာရီတစ်လုံး စီးပွားရေးသမား တစ်ယောက်ဆီက လက်ဆောင်ရယူခဲ့တယ်လို့ ရေးသားခဲ့တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခဲ့ပါတယ်။

အလဲဗင်းမီဒီယာရဲ့ အမှုဟာ အာမခံနှစ်ကြိမ် လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး တရားစွဲခံရပြီး တစ်လကျော်ကြာပြီးနောက်မှာ အလဲဗင်းမီဒီယာက ခုလို တရားဝင် ဝန်တောင်းပန်လိုက်တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)