Project K အဖွဲ့ကို လေ့ကျင့်ပေးနိုင်မလားလို့ တောင်ကိုရီးယားကို နိုင်ငံတော် အတိုင်ပင်ခံ မေးမြန်း

0
90

Unicode Version

မြန်မာ အမျိုးသားဂီတ အဖွဲ့တစ်ခုဖြစ်တဲ့ Project K ကို လေ့ကျင့်သင်ကြားပေးဖို့ တောင်ကိုရီးယားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပတဲ့ အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး ကာလအတွင်း သီးခြားတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်ရီယား သမ္မတ မွန်ဂျေအင်းကို မြန်မာအမျိုးသား ဂီတအဖွဲ့ Project K ကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အခွင့်အလမ်း ရှိ၊ မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Project K အဖွဲ့ကို သင်ကြားပျိုးထောင်ပေးခြင်းက နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းရေး အားကောင်းစေမယ့် လက္ခဏာဖြစ်ကြောင်း၊ ပြည်ပအဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ် ရှိ၊ မရှိ မေးကြည့်ပေးမှာ ဖြစ်ကြောင်း သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။ Project K အဖွဲ့ဟာ K-pop စတိုင်အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ဆိုးလ်မြို့မှာ ကျင်းပတဲ့ K-Pop International Cover Dance Competition မှာ ဒုတိယဆု ရရှိထားပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)