ရှမ်းပြည်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းကြောင်း ကမ္ဘာလှည့်ခရီးသွားတစ်ဦး သေဆုံး

0
35

Unicode Version

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ အပြင်ဘက်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မြှေုပ်မိုင်းနင်းမိလို့ နယ်သာလန် ခရီးသွားတစ်ဦး သေဆုံးပြီး အဖော်ဖြစ်သူ အာဂျင်တီးနား အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာ ရရှိသွားပါတယ်။

သီပေါမြို့ အပြင်ဘက် ပန်ညောင်ကျေးရွာနဲ့ ကွန်ဟောက်ကျေးရွာကြားမှာ မိုးနင်းမိခဲ့တာ ဖြစ်ပြီး နယ်စည်းမခြား ပရဟိတအဖွဲ့က သူတို့ကို သီပေါ အထွေထွေရောဂါကု ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ သေဆုံးသွားသူ နယ်သာလန် အမျိုးသားဟာ အသက် ၄၀ ဖြစ်ပါတယ်။

ဒဏ်ရာရသွားတဲ့ အာဂျင်တီးနား အမျိုးသမီးကလည်း ထိတ်လန့်တုန်လှုပ်နေတဲ့အတွက် ဘာမှ မေးမြန်းလို့ မရသေးပါဘူး။ အဲဒီဘက် ဒေသဟာ ရှုခင်းလှပပေမယ့် နိုင်ငံခြားသား ခရီးသွားတွေကို သွားခွင့်ပြုမထားကြောင်း၊ ရွာခံတွေလည်း သွားလေ့မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆယ်စုနှစ်နဲ့ချီတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ မြေမြှုပ်မိုင်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Zawgyi Version