နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်း

0
21

Unicode Version

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ (Special Unit on International Criminal Justice) ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဥပဒေကြောင်းအရ အကြံပြုနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးက အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်မှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

Zawgyi Version