မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲမှာ MoU သုံးခု လက်မှတ်ရေးထိုး

0
92

Unicode Version

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ ဝက်စ်တင် ချိုဆွန် (Westin Chosun) ဟိုတယ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ သုံးခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ တက်ရောက်ပြီး မကြာသေးမီက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သဘောတူထားတဲ့ ကိစ္စတွေ အကောင်အထည် ဖော်နေမှု၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျေးလက်ဖွံ့ဖြိုးရေး စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ မွန်ဂျေအင်းတို့ ရှေ့မှောက်မှာ နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးတွေက ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)