တရားစီရင္ေရးမ႑ိဳင္ကို ရဲနဲ႔ အာဏာပိုင္ေတြ ဝင္စြက္ဖက္ေနတယ္လို႔ ေျပာၾကား

0
615

တရားစီရင္ေရးမ႑ိဳင္ကို ရဲနဲ႔ အာဏာပိုင္ေတြက ဝင္စြက္ဖက္ေနတယ္လို႔ ေဒါက္တာေအးေမာင္က ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပိုိ႔ထားပါတယ္။

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔ကို ႏုိဝင္ဘာလ ၂၆ ရက္ေန႔က စစ္ေတြခရိုင္တရားရံုးမွာ ရံုးထုတ္ခဲ့ပါတယ္။
လက္ရွိမွာ တရားသူႀကီးတစ္ေယာက္တည္းရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ စီရင္ေနတဲ့အတြက္ အျပစ္မဲ့သူေတြ တရားရံုး၊ ေထာင္၊ အခ်ဳပ္ေတြမွာ အမ်ားအျပားရွိေနၿပီး ဆင္ျခင္တံုတရားေတြ လိုအပ္ေနေၾကာင္းနဲ႔ တရားစီရင္ေရးမ႑ိဳင္ကို ရဲနဲ႔ အာဏာပိုင္ေတြက ဝင္ေရာက္စြက္ဖက္မႈေတြရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

သံသယနဲ႔ဖမ္းဆီးခံရမႈ၊ အက်ဥ္းခ်ခံေနရမႈေတြေၾကာင့္ နစ္နာသူေတြရွိေနၿပီး သက္ေသခံအရ ျပစ္မႈမေျမာက္သူေတြကို သတၱိရွိရွိနဲ႔ လႊတ္ရဲတဲ့ တရားသူႀကီးမ်ိဳးလိုအပ္တယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ေဒါက္တာေအးေမာင္(ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)
ေဒါက္တာေအးေမာင္တုိ႔ဘက္က အမႈနဲ႔ပတ္သက္တဲ့ စြပ္စြဲခ်က္ေတြကို ပယ္ဖ်က္ေပးဖုိ႔အတြက္ ရခုိ္င္ျပည္နယ္တရားလႊတ္ေတာ္ကို ျပင္ဆင္ခြင့္ေလွ်ာက္လဲခ်က္တင္ထားတာ တစ္လေက်ာ္ၾကာတဲ့အထိ ၾကားနာခြင့္မရရွိေသးေၾကာင္း ေဒါက္တာေအးေမာင္ကေျပာပါတယ္။

အင္တာဗ်ဴး- ေဒါက္တာေအးေမာင္ (ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)
ဒါ့အျပင္ တရားသူႀကီးေတြအေနနဲ႔ လူ႔အခြင့္အေရးေတြကို နားလည္ဖုိ႔နဲ႔ ကိုယ္ခ်င္းစာတရားေတြ ရွိဖုိ႔လိုအပ္ေနၿပီး သံသယရဲ႕အက်ိဳးေတြကို တရားသူႀကီးထက္ တရားခံေတြဘက္က ခံစားခြင့္ရရွိဖို႔လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

တရားစီရင်ရေးမဏ္ဍိုင်ကို ရဲနဲ့ အာဏာပိုင်တွေက ဝင်စွက်ဖက်နေတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပိို့ထားပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
လက်ရှိမှာ တရားသူကြီးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ စီရင်နေတဲ့အတွက် အပြစ်မဲ့သူတွေ တရားရုံး၊ ထောင်၊ အချုပ်တွေမှာ အများအပြားရှိနေပြီး ဆင်ခြင်တုံတရားတွေ လိုအပ်နေကြောင်းနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ရဲနဲ့ အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်မှုတွေရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

သံသယနဲ့ဖမ်းဆီးခံရမှု၊ အကျဉ်းချခံနေရမှုတွေကြောင့် နစ်နာသူတွေရှိနေပြီး သက်သေခံအရ ပြစ်မှုမမြောက်သူတွေကို သတ္တိရှိရှိနဲ့ လွှတ်ရဲတဲ့ တရားသူကြီးမျိုးလိုအပ်တယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဒေါက်တာအေးမောင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဒေါက်တာအေးမောင်တို့ဘက်က အမှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ပယ်ဖျက်ပေးဖို့အတွက် ရခိ်ုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ခွင့်လျှောက်လဲချက်တင်ထားတာ တစ်လကျော်ကြာတဲ့အထိ ကြားနာခွင့်မရရှိသေးကြောင်း ဒေါက်တာအေးမောင်ကပြောပါတယ်။

အင်တာဗျူး- ဒေါက်တာအေးမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဒါ့အပြင် တရားသူကြီးတွေအနေနဲ့ လူ့အခွင့်အရေးတွေကို နားလည်ဖို့နဲ့ ကိုယ်ချင်းစာတရားတွေ ရှိဖို့လိုအပ်နေပြီး သံသယရဲ့အကျိုးတွေကို တရားသူကြီးထက် တရားခံတွေဘက်က ခံစားခွင့်ရရှိဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)