သ႐ုပ္ေဆာင္ မိုးေအာင္ရင္ မူးယစ္ေဆး၀ါးမႈနဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ ခ်

0
838

႐ုပ္ရွင္နဲ႔ဗီဒီယုိသ႐ုပ္ေဆာင္ မိုးေအာင္ရင္ မူးယစ္ေဆး၀ါးလက္၀ယ္သုံးစြဲမႈနဲ႔ ဖမ္းဆီးခံခဲ့ရၿပီး မေန႔က နုိ၀င္ဘာလ ၂၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ပုဇြန္ေတာင္ၿမိဳ႕နယ္တရား႐ံုးမွာ ေထာင္ဒဏ္ငါးႏွစ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္ ၾသဂုတ္လကုန္ပုိင္းမွာ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ခ်စ္သူမိန္းကေလးရဲ႕ ေနအိမ္ ေရာက္ရွိေနခ်ိန္ သ႐ုပ္ေဆာင္မုိးေအာင္ရင္ကုိ မူးယစ္ေဆး၀ါးေတြနဲ႔ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ရုံးထုတ္မွာေတာ့သရုပ္ေဆာင္မုိးေအာင္ရင္ဟာ အက်ဥ္းသားဘ၀ကေန အခ်ဳပ္သား ဘ၀ကုိေျပာင္းလဲ သြားၿပီျဖစ္တာေၾကာင့္ အမိန္႔ခ်မွတ္ျခင္းမရွိခဲပဲ ေထာင္ထြက္ အမိန္႔ရယူရမွာျဖစ္ပါတယ္။

မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆုိင္ရာ ဥပေဒပုဒ္မ ၁၅ ႏွင့္ ပုဒ္မ ၁၆ (ဂ) တုိ႔ ကို တစ္ေပါင္းတည္း က်ခံေစဖုိ႔ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္လုိက္တာျဖစ္ပါတယ္။ မနက္ျဖန္ ႏုိ၀င္ဘာလ ၂၈ ရက္ေန႔မွာလည္း အေရွ႕ပုိင္းခရုိင္တရားရုံးမွာ သ႐ုပ္ေဆာင္မိုးေအာင္ရင္ အပါအဝင္ သံုးဦး ကုိ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈ ပုဒ္မ ၁၉ (က) ျဖင့္ စစ္ေဆးမႈကုိ အမိန္႔ခ်သြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချ

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးဝါးလက်ဝယ်သုံးစွဲမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး မနေ့က နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ ပုဇွန်တောင်မြို့နယ်ရှိ ချစ်သူမိန်းကလေးရဲ့ နေအိမ် ရောက်ရှိနေချိန် သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာတော့သရုပ်ဆောင်မိုးအောင်ရင်ဟာ အကျဉ်းသားဘဝကနေ အချုပ်သား ဘဝကိုပြောင်းလဲ သွားပြီဖြစ်တာကြောင့် အမိန့်ချမှတ်ခြင်းမရှိခဲပဲ ထောင်ထွက် အမိန့်ရယူရမှာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ (ဂ) တို့ ကို တစ်ပေါင်းတည်း ကျခံစေဖို့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၂၈ ရက်နေ့မှာလည်း အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင်မိုးအောင်ရင် အပါအဝင် သုံးဦး ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပုဒ်မ ၁၉ (က) ဖြင့် စစ်ဆေးမှုကို အမိန့်ချသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)