ႏိုင္ငံဝန္ထမ္း ဥပေဒ ခ်ဳိးေဖာက္ခံခဲ႔ရတဲ႔အေပၚ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ ေတာင္းဆုိ

0
597

ႏိုင္ငံဝန္ထမ္း ဥပေဒ ခ်ဳိးေဖာက္ခံခဲ႔ရတဲ႔အေပၚ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ ေက်ာက္ဆည္ GTI က ဆရာမ ေဒၚေမသူဝင္းက ေတာင္းဆိုလိုက္ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

ေက်ာက္ဆည္ စက္မႈလက္မႈသိပၸံက လက္ေထာက္ကထိကတစ္ဦးျဖစ္တဲ႔ ေဒၚေမသူဝင္းအေနနဲ႔ ဥပေဒနဲ႔မညီပဲ တာဝန္ကေန ရပ္ဆိုင္းခံခဲ႔ရတဲ႔အေပၚ တာဝန္ရွိသူကို ေဖာ္ထုတ္အေရးယူေပးဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

ေဒၚေမသူဝင္းအေနနဲ႔ ေက်ာင္းခ်ိန္ျပင္ပမွာ ခိုက္ရန္ျဖစ္ပြားခဲ႔တဲ႔အေပၚမွာ တာဝန္ကေန ယာယီရပ္ဆိုင္း ခံခဲ႔ရၿပီးေနာက္ ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္အၿပီးမွာ အျပစ္မရွိတဲ႔အတြက္ ျပန္လည္ ခန္႔အပ္စာ ရရွိလာခဲ႔ တာျဖစ္ပါတယ္။

အင္တာဗ်ဴး ေဒၚေမသူဝင္း လက္ေထာက္ကထိက
ေက်ာက္ဆည္ စက္မႈလက္မႈ သိပၸံ

ေဒၚေမသူဝင္းအေနနဲ႔ တာဝန္ကေနယာယီရပ္ဆိုင္းခံခဲ႔ရတဲ႔အေပၚ ဥပေဒေဘာင္ကိုေက်ာ္လြန္ေနတယ္ဆိုျပီး ေက်ာက္ဆည္နဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတြမွာ ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ခဲ႔တာပါ။ အဲ႔ဒီလို ရပ္ဆိုင္းခံခဲ႔ရတဲ႔အတြက္ ဂုဏ္သိကၡာပိုင္းအရ နစ္နာမႈေတြရွိတဲ႔အတြက္ သူ႔အေပၚ အဲ႔ဒီလိုလုပ္ေဆာင္ခဲ႔တဲ႔ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး ေဒၚေမသူဝင္း လက္ေထာက္ကထိကေက်ာက္ဆည္ စက္မႈလက္မႈ သိပၸံ
တာဝန္ကေန ရပ္ဆိုင္းခံခဲ႔ရမႈေၾကာင့္ စားဝတ္ေနေရးအခက္အခဲေတြၾကံဳေတြ႔ခဲ႔ရသလို တာဝန္ျပန္လည္ထမ္းေဆာင္တဲ႔အခါမွာ သူ႔အေပၚအခုလိုလုပ္ောဆင္ခဲ႔တဲ႔ အထက္လူႀကီးေတြနဲ႔ မေျပလည္မွာကိုလည္း စိုးရိမ္ေနရတာ ျဖစ္ပါတယ္ခင္ဗ်ာ။

နိုင်ငံဝန်ထမ်း ဥပဒေ ချိုးဖောက်ခံခဲ့ရတဲ့အပေါ် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ကျောက်ဆည် GTI က ဆရာမ ဒေါ်မေသူဝင်းက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

ကျောက်ဆည် စက်မှုလက်မှုသိပ္ပံက လက်ထောက်ကထိကတစ်ဦးဖြစ်တဲ့ ဒေါ်မေသူဝင်းအနေနဲ့ ဥပဒေနဲ့မညီပဲ တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရတဲ့အပေါ် တာဝန်ရှိသူကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒေါ်မေသူဝင်းအနေနဲ့ ကျောင်းချိန်ပြင်ပမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အပေါ်မှာ တာဝန်ကနေ ယာယီရပ်ဆိုင်း ခံခဲ့ရပြီးနောက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်အပြီးမှာ အပြစ်မရှိတဲ့အတွက် ပြန်လည် ခန့်အပ်စာ ရရှိလာခဲ့ တာဖြစ်ပါတယ်။

အင်တာဗျူး ဒေါ်မေသူဝင်း လက်ထောက်ကထိက
ကျောက်ဆည် စက်မှုလက်မှု သိပ္ပံ

ဒေါ်မေသူဝင်းအနေနဲ့ တာဝန်ကနေယာယီရပ်ဆိုင်းခံခဲ့ရတဲ့အပေါ် ဥပဒေဘောင်ကိုကျော်လွန်နေတယ်ဆိုပြီး ကျောက်ဆည်နဲ့ နေပြည်တော်မြို့တွေမှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တာပါ။ အဲ့ဒီလို ရပ်ဆိုင်းခံခဲ့ရတဲ့အတွက် ဂုဏ်သိက္ခာပိုင်းအရ နစ်နာမှုတွေရှိတဲ့အတွက် သူ့အပေါ် အဲ့ဒီလိုလုပ်ဆောင်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

အင်တာဗျူး ဒေါ်မေသူဝင်း လက်ထောက်ကထိကကျောက်ဆည် စက်မှုလက်မှု သိပ္ပံ
တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရမှုကြောင့် စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့ခဲ့ရသလို တာဝန်ပြန်လည်ထမ်းဆောင်တဲ့အခါမှာ သူ့အပေါ်အခုလိုလုပော်ဆင်ခဲ့တဲ့ အထက်လူကြီးတွေနဲ့ မပြေလည်မှာကိုလည်း စိုးရိမ်နေရတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)