ကွမ်းသီးဈေး ကျဆင်းခဲ့တဲ့အတွက် ချေးငွေပြန်ဆပ်ဖို့ အခက်ခဲတွေရှိနေတယ်လို့ ကွမ်းစိုက်သူတွေ ပြော

0
692









ကွမ်းသီးဈေးတွေ ထက်ဝက်နီးပါး ကျဆင်းခဲ့တဲ့အတွက် ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကွမ်းစိုက်သူတွေက ပြောပါတယ်။ ဒီသတင်းကို မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး MCN သတင်းထောက် တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ မိုးရာသီကာလမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး၊ ကွမ်းပင်တွေနဲ့ သီးနှံတွေ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီလို ထိခိုက်မှုတွေ ရှိခဲ့တဲ့အပြင် အခုနှစ်မှာလည်း ကွမ်းသီးဈေးတွေ ထက်ဝက်နီးပါး ကျဆင်းခဲ့တဲ့အတွက် ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ကွမ်းစိုက်သူတွေက ပြောပါတယ်။

Soundbite ဦးလွင်ဦး (ကွမ်းစိုက်သူ) ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

ပြီးခဲ့တဲ့နှစ်က ကွမ်းသီးဈေးနှုန်း ကျပ် ၅၀ဝ၀ ကျော်အထိ ရှိခဲ့ပေမယ့် အခုနှစ်မှာ ကျပ် ၃၀ဝ၀ အထိသာ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလို ကွမ်းသီးဈေးကျတာက အိန္ဒိယနိုင်ငံနယ်စပ်၊ တမူးဘက်က ကွမ်းသီး အဝယ်ရပ်သွားတာကြောင့်လို့ မြိတ်မြို့ ကွမ်းသီး အဝယ်ဒိုင်တွေက ပြောပါတယ်။

Soundbite ဒေါ်တင်ကြည် (ကွမ်းစိုက်သူ) ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့နယ် ကျေးရွာတွေမှာ ဒေသခံတောင်သူ အများစုက ကွမ်းသီးပင်တွေကို အများဆုံး စိုက်ပျိုးတာဖြစ်ပြီး၊ ရော်ဘာနဲ့ သီဟိုကို ဒုတိယ အများဆုံး စိုက်ပျိုးနေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)