ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္ NDRC ဒု ဥကၠ႒နဲ႔ အဖြဲ႕တို႔ ေတြ႕ဆံု

0
796

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ဟာ တ႐ုတ္ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ (NDRC) ဒုတိယ ဥကၠ႒ မစၥတာ နင္ခ်န္က်ီ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေတြ႔ဆံုပါတယ္။

မေန႔က ႏိုဝင္ဘာလ ၂၆ ရက္ေန႔ ေနျပည္ေတာ္ ေတြ႔ဆံုပြဲမွာ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ ႏိုင္ငံတို႔အၾကား လက္မွတ္ေရးထိုးခဲ့တဲ့ ျမန္မာ-တ႐ုတ္ စီးပြားေရး စႀကၤ ံ ပူးတြဲတည္ေထာင္ေရးဆိုင္ရာ နားလည္မႈစာခၽြန္လႊာအရ စီမံကိန္းေတြ အေကာင္အထည္ ေဖာ္ေရးေဆြးေႏြးပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ရာမွာ ျမန္မာႏိုင္ငံရဲ႕ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္း (MSDP) ရဲ႕ လုပ္ငန္းအစီအစဥ္ေတြ၊ ဦးစားေပးအစီအစဥ္ေတြနဲ႔ ေလ်ာ္ညီေအာင္ ေဆာင္႐ြက္ဖို႔၊ ႏွစ္ဖက္ျပည္သူေတြ ေရရွည္အက်ိဳးစီးပြားအတြက္ အေထာက္အကူျဖစ္ေစဖို႔နဲ႔ ျပည္တြင္း လုပ္ထုံးလုပ္နည္း ဥပေဒေတြနဲ႔အညီ စနစ္တက် တိက်မွန္ကန္စြာ ညွိႏႈိင္းေဆာင္႐ြက္သြားၾကဖို႔ လိုအပ္ေၾကာင္း ေျပာၾကားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် NDRC ဒု ဥက္ကဋ္ဌနဲ့ အဖွဲ့တို့ တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ နင်ချန်ကျီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပါတယ်။

မနေ့က နိုဝင်ဘာလ ၂၆ ရက်နေ့ နေပြည်တော် တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ တရုတ် နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာ-တရုတ် စီးပွားရေး စင်္ကြ ံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စီမံကိန်းတွေ အကောင်အထည် ဖော်ရေးဆွေးနွေးပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ရဲ့ လုပ်ငန်းအစီအစဉ်တွေ၊ ဦးစားပေးအစီအစဉ်တွေနဲ့ လျော်ညီအောင် ဆောင်ရွက်ဖို့၊ နှစ်ဖက်ပြည်သူတွေ ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူဖြစ်စေဖို့နဲ့ ပြည်တွင်း လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ စနစ်တကျ တိကျမှန်ကန်စွာ ညှိနှိုင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)