ျပည္ေထာင္စု အစုိးရအဖြဲ႕႐ံုး ဝန္ႀကီးအသစ္အျဖစ္ ဦးမင္းသူကို အဆိုျပဳ

0
545

ျပည္ေထာင္စု အစိုးရအဖြဲ႔႐ံုး ဝန္ႀကီးဌာန ျပည္ေထာင္စု၀ ဝန္ႀကီးအျဖစ္ လက္ရွိ သမၼတ႐ံုး ဒုတိယ ဝန္ႀကီး ဦးမင္းသူကုိ ခန္႔အပ္လုိေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က နုိဝင္ဘာလ ၂၆ ရက္ေန႔က ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးမွာ အမည္စာရင္းေပးပို႔ အဆုိျပဳခဲ့ပါတယ္။

ဒုဝန္ႀကီး ဦးမင္းသူရဲ႕ ကုိယ္ေရးအက်ဥ္းကို ေပးပို႔ခဲ့ၿပီးေနာက္ ကန္႔ကြက္လုိတဲ့ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြ ရွိခဲ့ပါက ႏိုဝင္ဘာလ ၂၈ ရက္ေန႔ ေနာက္ဆုံးထားၿပီး ကန္႔ကြက္နုိင္ေၾကာင္းနဲ႔ ႏိုဝင္ဘာလ ၂၉ ရက္ေန႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ အတည္ျပဳသြားမွာျဖစ္ေၾကာင္း လႊတ္ေတာ္နာယက ေၾကညာခဲ့ပါတယ္။

ျပည္ေထာင္စုအစိုးရ အဖြဲ႔႐ံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြနး္ကုိ အသစ္ဖြဲ႔စည္းလုိက္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ႏုိင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ ေျပာင္းလဲ တာဝန္ေပးလုိက္ၿပီးေနာက္ အခုလုိ လစ္လပ္သြားတဲ့ ေနရာမွာ ဦးမင္းသူကို ခန္႔အပ္နုိင္ဖို႔ ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ဒုဝန္ႀကီးျဖစ္တဲ့ ဦးမင္းသူကုိ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ႏွစ္ကုန္ပုိငး္မွာ သမၼတ႐ံုး ဒုဝန္ႀကီးအျဖစ္ ခန္႔အပ္ခဲ့တာျဖစ္ၿပီး သူဟာ အၿငိမ္းစားဗုိလ္မႉးႀကီးေဟာင္း တစ္ဦးလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအသစ်အဖြစ် ဦးမင်းသူကို အဆိုပြု

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝ ဝန်ကြီးအဖြစ် လက်ရှိ သမ္မတရုံး ဒုတိယ ဝန်ကြီး ဦးမင်းသူကို ခန့်အပ်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အမည်စာရင်းပေးပို့ အဆိုပြုခဲ့ပါတယ်။

ဒုဝန်ကြီး ဦးမင်းသူရဲ့ ကိုယ်ရေးအကျဉ်းကို ပေးပို့ခဲ့ပြီးနောက် ကန့်ကွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိခဲ့ပါက နိုဝင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ကန့်ကွက်နိုင်ကြောင်းနဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုသွားမှာဖြစ်ကြောင်း လွှတ်တော်နာယက ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွနး်ကို အသစ်ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပြီးနောက် အခုလို လစ်လပ်သွားတဲ့ နေရာမှာ ဦးမင်းသူကို ခန့်အပ်နိုင်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဒုဝန်ကြီးဖြစ်တဲ့ ဦးမင်းသူကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုငး်မှာ သမ္မတရုံး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး သူဟာ အငြိမ်းစားဗိုလ်မှူးကြီးဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)