၂၀၁၈-၁၉ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ စဥ္းစားေတြးေခၚမႈ အေျခခံတဲ့ေမးခြန္း ၃၀ ရာႏႈန္း ပါဝင္

0
613

၂၀၁၈-၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ စဥ္းစားေတြးေခၚမႈကို အေျခခံတဲ႔ ေမးခြန္း ၃၀ ရာခိုင္ႏႈန္းေလာက္ ပါ၀င္မွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

အေျခခံပညာေရးက႑ ျပဳျပင္ေျပာင္းလဲဖို႔အတြက္ အလြတ္က်က္မွတ္ရတဲ့ စနစ္ကေန စဥ္းစားေတြးေခၚမႈကို အေျခခံတဲ့ ပညာေရးစနစ္ကို ေျပာင္းလဲဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၇ ခုနွစ္၊ ပညာေရးဖြံ႔ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး နီွးေနွာဖလွယ္ပဲြမွာ ေျပာၾကားထားပါတယ္။

အဲဒါေၾကာင့္ ၂၀၁၈-၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ အလြတ္က်က္မွတ္ရတဲ႔ စနစ္ကေန စဥ္းစားေတြးေခၚမႈကို အေျခခံတဲ႔ ေမးခြန္းေတြ ပါ၀င္လာမွာျဖစ္ပါတယ္။

ႏိုဝင္ဘာလ ၂၅ ရက္ကေန ၂၇ ရက္ေန႔ထိ ရန္ကုန္ပညာေရးတကၠသိုလ္မွာ တကၠသိုလ္ဝင္စာေမးပြဲ ႀကီးၾကပ္ေရးမွဴးေတြနဲ႔ စာေျဖသူေတြ လိုက္နာဖို႔ စည္းကမ္းခ်က္ေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ မေးခွန်း ၃၀ ရာခိုင်နှုန်းလောက် ပါဝင်မှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အခြေခံပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် အလွတ်ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ကို ပြောင်းလဲဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ပြောကြားထားပါတယ်။

အဲဒါကြောင့် ၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အလွတ်ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ မေးခွန်းတွေ ပါဝင်လာမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်နေ့ထိ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတွေနဲ့ စာဖြေသူတွေ လိုက်နာဖို့ စည်းကမ်းချက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)