ဘဂၤါလီေတြအေၾကာင္း ႐ိုက္ကူးတင္ဆက္တဲ့ အီဗန္ ဝီလွ်ံ Lowy Institute Media Award ဆု ရ

0
1005

ၾသစေၾတးလ် အေျခစိုက္ SBS Dateline အစီအစဥ္က ဂ်ာနယ္လစ္ အီဗန္ ဝီလ်ံဟာ ဘဂၤါလီေတြအေၾကာင္း ႐ိုက္ကူးတင္ဆက္တဲ့ Myanmar’s Killing Fields အစီအစဥ္နဲ႔ Lowy Institute Media Award ဆုကို ရရွိခဲ့ပါတယ္။

Channel 4 သတင္းဌာနနဲ႔ SBS Dateline တို႔က ရရွိတဲ့ ဗီဒီယို သက္ေသ အေထာက္အထားေတြကို စုစည္းၿပီး နာရီနဲ႔ခ်ီ ၾကာျမင့္တဲ့ ဒီအစီအစဥ္ကို တင္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ဒီအစီအစဥ္ကို ျပသမွာနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ေမလက SBS ရဲ႕ မိတ္ဆက္သတင္းမွာ “လ်ဳိ႕ဝွက္စြာ ခိုး႐ိုက္ထားတဲ့ ဗီဒီယိုေတြအရ ျမန္မာလုံၿခဳံေရး တပ္ေတြကေန ျပည္သူေတြကို ပစ္သတ္တဲ့ ဗီဒီယိုေတြ၊ အိုးအိမ္ ဖ်က္ဆီးခံရတာေတြ၊ ရြာမီး႐ိႈ႕ခံရတာေတြနဲ႔ အမ်ဳိးသမီးေတြ အစုလိုက္ မုဒိမ္းက်င့္ခံရတဲ့ ဗီဒီယိုေတြ ထြက္ေပၚလာပါတယ္” လို႔ ေဖာ္ျပထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ၊ နယူးေဆာက္သ္ေဝးလ္ ပါလီမန္မွာ ႏိုဝင္ဘာလ ၁၄ ရက္ေန႔က ABC ဝါရင့္သတင္းေထာက္ ေရွာင္ ေဒၚနီက မစၥတာ ဝီလ်ံအတြက္ ဆုကို ေပးအပ္ခ်ီးျမွင့္ပါတယ္။ မစၥတာ ဝီလ်ံဟာ ဆုေၾကးအျဖစ္ ၾသစေၾတးလ်ေဒၚလာ ၂ ေသာင္းကိုလည္း ရရွိပါတယ္။

 

<>>>>>>>>>>>>>>>>>>>>

 

ဘင်္ဂါလီတွေအကြောင်း ရိုက်ကူးတင်ဆက်တဲ့ အီဗန် ဝီလျှံ Lowy Institute Media Award ဆု ရ

သြစတြေးလျ အခြေစိုက် SBS Dateline အစီအစဉ်က ဂျာနယ်လစ် အီဗန် ဝီလျံဟာ ဘင်္ဂါလီတွေအကြောင်း ရိုက်ကူးတင်ဆက်တဲ့ Myanmar’s Killing Fields အစီအစဉ်နဲ့ Lowy Institute Media Award ဆုကို ရရှိခဲ့ပါတယ်။

Channel 4 သတင်းဌာနနဲ့ SBS Dateline တို့က ရရှိတဲ့ ဗီဒီယို သက်သေ အထောက်အထားတွေကို စုစည်းပြီး နာရီနဲ့ချီ ကြာမြင့်တဲ့ ဒီအစီအစဉ်ကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြသမှာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလက SBS ရဲ့ မိတ်ဆက်သတင်းမှာ “လျို့ဝှက်စွာ ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေအရ မြန်မာလုံခြုံရေး တပ်တွေကနေ ပြည်သူတွေကို ပစ်သတ်တဲ့ ဗီဒီယိုတွေ၊ အိုးအိမ် ဖျက်ဆီးခံရတာတွေ၊ ရွာမီးရှို့ခံရတာတွေနဲ့ အမျိုးသမီးတွေ အစုလိုက် မုဒိမ်းကျင့်ခံရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်” လို့ ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ် ပါလီမန်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ABC ဝါရင့်သတင်းထောက် ရှောင် ဒေါ်နီက မစ္စတာ ဝီလျံအတွက် ဆုကို ပေးအပ်ချီးမြှင့်ပါတယ်။ မစ္စတာ ဝီလျံဟာ ဆုကြေးအဖြစ် သြစတြေးလျဒေါ်လာ ၂ သောင်းကိုလည်း ရရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)