
0
863





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နန်စီပွန်က ရေမဆေးရှာသူတွေ ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ ပြောကြားထား

ခနီး္တမြို့နယ် နန်စီပွန်ရတနာမြေရှိ ရေမဆေးကျောက် ရှာဖွေသူ အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

နန်စီပွန်ရတနာမြေရှိ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီစွန့်ပစ်မြေစာပုံတွေမှာ နေထိုင်နေတဲ့ ရေမဆေး ကျောက် ရှာဖွေသူတွေ သက်ဆိုင်ရာက တာဝန်ရှိသူတွေက သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့နဲ့ ပြောင်းရွှေ့ခြင်းမရှိပါက တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အခုလို ပြောင်းရွှေ့ပေးဖို့ကို ပြီးခဲ့တဲ့လပိုင်းကတည်းက ပြောဆိုထားတာဖြစ်ကြောင်း ခနီး္တမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးမှူး ဦးခင်မောင်ဆင့်က ပြောကြားထားပါတယ်။

လက်ရှိမှာ ပြောင်းရွှေ့ပြီးသား အိမ်ထောင်စုပေါင်း ၁၀ဝ၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်းနဲ့ ပြောင်းရွှေ့နေထိုင်သူတွေ ကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ခနီး္တခရိုင် ဦးစီးမှူးရုံးက အိမ်ထောင်စုတစ်စုကို ငွေကျပ် ၃၀ဝ၀ဝ ထောက်ပံ့ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)