အေမရိကန္ ဗီဇာေလွ်ာက္ထားသူေတြ အင္တာဗ်ဴး၀င္ရမယ့္ ေန႔မွသာ စာရြက္စာတမ္းေတြကို ျပသႏိုင္

0
752

ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ အေမရိကန္ကို သြားေရာက္ဖို႔အတြက္ ျပည္၀င္ခြင့္ဗီဇာေလွ်ာက္ထားရာမွာ လုိအပ္တဲ့ စာရြက္စာတမ္းေတြကို လူေတြ႕အင္တာဗ်ဴးမတိုင္မီ အေမရိကန္သံ႐ံုးကို သံ႐ံုးစာတိုက္ပံုးကေနတစ္ဆင့္ ႀကိဳတင္ပို႔ေဆာင္ဖို႔ မလိုအပ္ေတာ့ဘဲနဲ႔ ၂၀၁၈ ခုနွစ္ ႏို၀င္ဘာလ ၅ ရက္ေန႔ကေနစတင္ၿပီးေတာ့ အေမရိကန္သံ႐ံုး ေကာင္စစ္၀န္ဌာန စာတိုက္ပံုးကို ပိတ္သိမ္းေတာ့မွာျဖစ္ေၾကာင္း အေမရိကန္သံ႐ံုးက ထုတ္ျပန္ထားပါတယ္။

 

ႏို၀င္ဘာလ ၅ ရက္ေန႔ကေန စတင္ၿပီး စာရြက္စာတမ္းေတြကို ဗီဇာေလွ်ာက္လႊာရွင္ေတြအေနနဲ႔ အင္တာဗ်ဴး၀င္ရမယ့္ ေန႔မွသာ တပါတည္း ျပသႏိုင္မွာျဖစ္ေၾကာင္း၊ အခုလို အေမရိကန္သံ႐ံုးု ေကာင္စစ္၀န္ဌာနရဲ႕ စာတိုက္ပံုးကို ပိတ္သိမ္းလိုက္တာဟာ ျမန္မာႏုိင္ငံသားေတြကို ေပးအပ္ထားတဲ့ ၀န္ေဆာင္မႈ ပိုမိုေကာင္းေရးအတြက္ ျဖစ္ေၾကာင္း အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အေမရိကန္ႏိုင္ငံသား ၀န္ေဆာင္မႈ၊ အေျခမစိုက္ဗီဇာ နဲ႔ အေျခစိုက္ဗီဇာ ေလွ်ာက္ထားျခင္းေတြအတြက္ကေတာ့ ႀကိဳတင္ ရက္ခ်ိန္းရယူလို႔ လိုအပ္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ဗီဇာလျှောက်ထားသူတွေ အင်တာဗျူးဝင်ရမယ့် နေ့မှသာ စာရွက်စာတမ်းတွေကို ပြသနိုင်

မြန်မာနိုင်ငံသားတွေ အနေနဲ့ အမေရိကန်ကို သွားရောက်ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လူတွေ့အင်တာဗျူးမတိုင်မီ အမေရိကန်သံရုံးကို သံရုံးစာတိုက်ပုံးကနေတစ်ဆင့် ကြိုတင်ပို့ဆောင်ဖို့ မလိုအပ်တော့ဘဲနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကနေစတင်ပြီးတော့ အမေရိကန်သံရုံး ကောင်စစ်ဝန်ဌာန စာတိုက်ပုံးကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ကနေ စတင်ပြီး စာရွက်စာတမ်းတွေကို ဗီဇာလျှောက်လွှာရှင်တွေအနေနဲ့ အင်တာဗျူးဝင်ရမယ့် နေ့မှသာ တပါတည်း ပြသနိုင်မှာဖြစ်ကြောင်း၊ အခုလို အမေရိကန်သံရုံးု ကောင်စစ်ဝန်ဌာနရဲ့ စာတိုက်ပုံးကို ပိတ်သိမ်းလိုက်တာဟာ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ဝန်ဆောင်မှု ပိုမိုကောင်းရေးအတွက် ဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံသား ဝန်ဆောင်မှု၊ အခြေမစိုက်ဗီဇာ နဲ့ အခြေစိုက်ဗီဇာ လျှောက်ထားခြင်းတွေအတွက်ကတော့ ကြိုတင် ရက်ချိန်းရယူလို့ လိုအပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)