ရန္ကုန္-မႏၱေလး လမ္းေပၚမွာ ကားမေတာ္တဆျဖစ္၊ ႏွစ္ဦး ဒဏ္ရာရ

0
378

ႏြားထိုးႀကီး ၿမိဳ႕နယ္၊ ရန္ကုန္-မႏၱေလး ကားလမ္းေပၚမွာ မေန႔ ေအာက္တိုဘာ ၂၆ ရက္ေန႔က လိုက္ထရပ္တစ္စီး ယာဥ္မေတာ္တဆ ျဖစ္ပြားမႈေၾကာင့္ အမ်ိဳးသမီး ႏွစ္ဦး ဒဏ္ရာရရွိသြားပါတယ္။

မႏၱေလးဘက္ကေန ေနျပည္ေတာ္ဘက္ကို ေက်ာ္ေဆြ ေမာင္းႏွင္လာစဥ္ အိပ္ငိုက္ၿပီး အရွိန္မထိန္းႏိုင္ဘဲ လမ္းမလယ္ကြ်န္းေပၚ ေရာက္ကာ ေရထုတ္ျပြန္ကန္ေဘာင္ကို တိုက္မိၿပီး ရပ္တန္႔သြားပါတယ္။

ယာဥ္ေမာင္း ထိခိုက္မႈ မရွိေပမယ့္ လိုက္ပါလာတဲ့ အမ်ိဳးသမီး သံုးဦးအနက္ ႏွစ္ဦး ဒဏ္ရာ ရရွိသြားပါတယ္။ ယာဥ္ေမာင္း ေက်ာ္ေဆြကို ျပင္စည္အျမန္လမ္းမႀကီး ရဲစခန္းက အမႈဖြင့္ အေရးယူထားပါတယ္။
…………………….. ။ ။ …………………………

ရန်ကုန်-မန္တလေး လမ်းပေါ်မှာ ကားမတော်တဆဖြစ်၊ နှစ်ဦး ဒဏ်ရာရ

နွားထိုးကြီး မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂၆ ရက်နေ့က လိုက်ထရပ်တစ်စီး ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။

မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို ကျော်ဆွေ မောင်းနှင်လာစဉ် အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းမလယ်ကျွန်းပေါ် ရောက်ကာ ရေထုတ်ပြွန်ကန်ဘောင်ကို တိုက်မိပြီး ရပ်တန့်သွားပါတယ်။

ယာဉ်မောင်း ထိခိုက်မှု မရှိပေမယ့် လိုက်ပါလာတဲ့ အမျိုးသမီး သုံးဦးအနက် နှစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။ ယာဉ်မောင်း ကျော်ဆွေကို ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)