သဘာဝ ေဘးအႏၱရာယ္ ေတြႀကံဳေနရတဲ့ႏုိင္ငံေတြထဲ ျမန္မာ ပါေန

0
321

ျမန္မာႏိုင္ငံဟာ သဘာဝ ေဘးအႏၱရာယ္ေတြ ေတြႀကံဳေနရတဲ့ ႏုိင္ငံေတြထဲမွာ ပါဝင္ေနတယ္လို႔ ပညာေရးဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးက ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ ရန္ကုန္နည္းပညာ တကၠသိုလ္နဲ႔ ဂ်ပန္ႏိုင္ငံ၊ JST-JICA တို႔ ပူးေပါင္းၿပီး သဘာဝေဘး အႏၲရာယ္ဒဏ္ခံႏိုင္မႈစနစ္ ဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး သုေတသန စီမံကိန္း ေပါင္းစပ္ညွိႏႈိင္းေရး ေကာ္မတီရဲ႕ တတိယအႀကိမ္ အစည္းအေဝးမွာ ျပည္ေထာင္စုဝန္ႀကီးက အခုလို ေျပာခဲ့တာပါ။

သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ျပင္ ဆင္မႈနဲ႔ စီမံခန္႔ခြဲမႈဟာ အေရးႀကီးတဲ့က႑မွာ ပါဝင္ေနၿပီး ျမန္မာႏိုင္ငံအတြင္း သဘာဝ ေဘးအႏၲရာယ္ ဒဏ္ခံ ႀကိဳတင္ကာကြယ္ေရး ဆိုင္ရာ အတတ္ပညာမ်ား ျပန္႔ပြားလာေစေရးတို႔ အတြက္ ပညာေရးဝန္ႀကီးဌာန၊ ရန္ကုန္ နည္းပညာ တကၠသိုလ္မွ သဘာဝ ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးနဲ႔ ေလ်ာ့ပါးေရးဆိုင္ရာ သုေတသန လုပ္ငန္းေတြကို ျပည္တြင္း၊ ျပည္ပ အဖြဲ႔အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာခဲ့ပါတယ္။
…………………. ။ ။ …………………..

သဘာဝ ဘေးအန္တရာယ် တွေကြုံနေရတဲ့နိုင်ငံတွေထဲ မြန်မာ ပါနေ

မြန်မာနိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်တွေ တွေကြုံနေရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ၊ JST-JICA တို့ ပူးပေါင်းပြီး သဘာဝဘေး အန္တရာယ်ဒဏ်ခံနိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သုတေသန စီမံကိန်း ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီရဲ့ တတိယအကြိမ် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ပြောခဲ့တာပါ။

သဘာဝဘေးအန္တရာယ် ကြိုတင်ပြင် ဆင်မှုနဲ့ စီမံခန့်ခွဲမှုဟာ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေပြီး မြန်မာနိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ် ဒဏ်ခံ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အတတ်ပညာများ ပြန့်ပွားလာစေရေးတို့ အတွက် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်မှ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ လျော့ပါးရေးဆိုင်ရာ သုတေသန လုပ်ငန်းတွေကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)