
0
478

ရခိုင်ပြည်နယ်မှာ အကျပ်အတည်း ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် သဘောထား တင်းမာတဲ့ ဆက်ဆံမှုမျိုး မလုပ်ဆောင်ဖို့ အမေရိကန်ကို အိန္ဒိယက အကြံပြုလိုက်ပါတယ်။


…………………. ။ ။ …………………..

မြန်မာနိုင်ငံအပေါ် မတင်းမာဖို့ အမေရိကန်ကို အိန္ဒိယ အကြံပြု

ရခိုင်ပြည်နယ်မ အကျပ်အတည်း ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် သဘောထား တင်းမာတဲ့ ဆက်ဆံမှုမျိုး မလုပ်ဆောင်ဖို့ အမေရိကန်ကို အိန္ဒိယက အကြံပြုလိုက်ပါတယ်။

အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေဆုံချိန်မှာ အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံဆီ တွန်းပို့မှုတွေကနေ ရှောင်ရှားဖို့ အမေရိကန်နိုင်ငံကို အိန္ဒိယနိုင်ငံက တိုက်တွန်းအကြံပြုခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းအရင်းအမြစ်တွေက ဖော်ပြပါတယ်။

မွတ်စလင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ အိန္ဒိယက အမေရိကန်ကို အကြံပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)