
0
366



……………….. ။ ။ ……………………

မြန်မာ့သမိုင်းဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲ ကျင်းပမယ်

နိုင်ငံတကာ ပညာရှင်တွေက မြန်မာ့သမိုင်းနဲ့ ပတ်သက်ပြီး ပြုစုရေးသားထားတဲ့ စာတမ်းတွေကို Reorienting Myanmar Studies in Myanmar ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် သမိုင်းဆိုင်ရာ အမြင်နဲ့ ချဉ်းကပ်လေ့လာပုံ အတွေ့အကြုံတွေကို မြန်မာနိုင်ငံက ပညာရှင်တွေ ရရှိစေဖို့ ကျင်းပမယ့် အဲဒီ စာတမ်းဖတ်ပွဲကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်တို့မှာ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်မှာ ဖတ်ကြားမှာ ဖြစ်ပါတယ်။

စာတမ်းဖတ်ပွဲအတွက် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ စတဲ့နိုင်ငံတွေက သမိုင်းသုတေသီတွေ၊ ပါမောက္ခတွေ၊ ကျောင်းသားကျောင်းသူတွေက စာတမ်း ၅၃ စောင်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနကို ပေးပို့ထားပြီး အဲဒီထဲက ၁၂ စောင်ကို ရွေးချယ်စိစစ်ပြီး စာတမ်းရှင်တွေကို ဖိတ်ကြားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)