ဥရောပကော်မရှင်က ရခိုင်ထောက်ပံ့ရေး အစီအစဉ် ဆွေးနွေး

0
341



………………… ။ ။ …………………..

ဥရောပကော်မရှင်က ရခိုင့်ထောက်ပံ့ရေး အစီအစဉ် ဆွေးနွေး

အစိုးရနဲ့ ဥရောပကော်မရှင်တို့ တွေ့ဆုံပြီး ရခိုင်ဖွံ့ဖြိုးရေးကော်မတီ UEHRD စီမံကိန်းများ အတွက် အလှူငွေနဲ့ထောက်ပံ့ရေး အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ ၂၆ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဥရောပကော်မရှင်မှသံအမတ်ကြီး H.E. Mr. Kristian Schmidt တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပဋိပက္ခဒဏ်ခံပြည်သူ များအတွက် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူသား ချင်းစာနာကူညီမှု တိုးမြှင့်ပေးနိုင်ရေးနဲ့ ဒုက္ခသည်များပြန်လည် လက်ခံရေး၊ စနစ်တကျ ပြန်လည်နေ ရာချထားရေး၊ နောင်မှာ ပဋိပက္ခများထပ်မံမဖြစ်ပွားရေး ကိစ္စများနဲ့ စပ်လျဉ်းပြီး ဆွေးနွေးကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)