အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ထင်ဟပ်စေတဲ့ ရုပ်ရှင် အခမဲ့ ပြမယ် (ရုပ်/သံ)

0
935







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို ထင်ဟပ်စေနိုင်တဲ့ ရုပ်ရှင်ဇတ်ကားတွေကို မြို့ကြီး(၅)မြို့မှာ အခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

ကျား/မ ရေးရာ တန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို ထင်ဟပ်စေနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ့် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားနဲ့ ဖားအံမြို့တွေမှာ လာမယ့် နိုဝင်ဘာလ(၂၅) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။
စက်တင်ဘာလ(၂၇)ရက်နေ့က ရန်ကုန်မြို့ အော်ဂစ်ဟိုတယ်မှာ ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော်ပြသသွားဖို့ ရှိနေတာနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Sound Bite————-ဒေါ်မေစပယ်ဖြူ(ဒါရိုက်တာ)
ကျား၊ မရေးရာတန်းတူညီမျှရေးကွန်ရက်

အဲ့ဒီရုပ်ရှင်ဇတ်ကားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ရက်ကွက်၊ ကျေးရွာတွေက အမျိုးသမီးအကြမ်းဖက်ခံရမှု တွေကို ပြည်သူတွေ ပိုမိုသိရှိအောင် အသိပညာပေးလှုံ့ဆော်တာဖြစ်ပြီး ကျား/မ တန်းတူမညီမျှမှုတွေ လျော့ကျသွားဖို့မျှော်လင့်တယ်လို့ ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ရက်က ပြောပါတယ်။

Sound Bite————-ဒေါ်မေစပယ်ဖြူ(ဒါရိုက်တာ)
ကျား၊ မရေးရာတန်းတူညီမျှရေးကွန်ရက်

ဒီရုပ်ရှင်ဇတ်ကားကို ရုံသွင်းပြသသွားမှာ မဟုတ်ဘဲ အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်မယ့် ပန်းခြံတွေ၊ အားကစားကွင်းတွေ စတဲ့ နေရာတွေမှာ ပိတ်ကားနဲ့ ပြသသွားမယ်လို့ ကျား/မ ရေးရာ တန်းတူညီမျှ ရေးကွန်ရက်က ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)