မ်ိဳးဆက္သစ္ ေဘာလုံးသမားေတြအတြက္ အေျခခံ ေဘာလုံးကစားနည္း ဗီဒီယို ျဖန္႔ေ၀ဖို႔ရွိ (႐ုပ္/သံ)

0
1068

လူငယ္မ်ိဳးဆက္သစ္ ေဘာလုံးကစားသမားေတြ ဖြံၿဖိဳးတိုးတက္ဖို႔ အေထာက္အပံ့ေပးမယ့္ အေျခခံ ေဘာလုံးကစားနည္း ဗီဒီယိုစီးရီးေတြကို ေအာက္တိုဘာလမွစတင္ကာ ျဖန္႔ေ၀သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ စိုင္းဟန္က ေပးပုိ႔ထားပါတယ္။

ျမန္မာႏိုင္ငံက စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားလူငယ္ေတြအတြက္ အေရးပါတ့ဲ အေျခခံေဘာလုံးကစား နည္းေတြျဖစ္တ့ဲ ဂိုးဖမ္းနည္း၊ ေဘာလုံးအေပးအယူလုပ္နည္းနဲ႔ ေဘာလုံးဆြဲယူနည္းစတ့ဲ အေျခခံေဘာလုံး ကစားနည္းေတြကို ဗီဒီယိုကေနတဆင့္ ေလ့က်င့္ႏိုင္ဖို႔ ရည္ရြယ္ျဖန္႔ေ၀သြားမွာ ျဖစ္ပါတယ္။

စက္တင္ဘာလ ၂၅ ရက္ေန႔က ရန္ကုန္ျမိဳ႕ ျမန္မာႏိုင္ငံေဘာလုံးအသင္းခ်ဴပ္ အစည္းအေ၀းခန္းမမွာ ႏိုင္ငံတစ္၀ွမ္းအေျခခံပညာေက်ာင္းေတြမွာ ျပဳလုပ္သြားမယ့္ အေျခခံေဘာလုံးကၽြမ္းက်င္မႈ သရုပ္ျပအစီအစဥ္နဲ႕ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳခဲ့တာပါ။

Soundbite- ဦးစိုးမိုးေက်ာ္ (အမႈေဆာင္အရာရွိခ်ဴပ္)
ျမန္မာေနရွင္နယ္လိဂ္ (MNL)

ဒါ့အျပင္ ေက်ာင္းသားလူငယ္ေတြအေနနဲ႕ အေျခခံေဘာလုံးကစားနည္းေတြကို စနစ္တက် တတ္ေျမာက္ႏိုင္မွာ ျဖစ္သလို စနစ္တက်တတ္ေျမာက္ပါက ေက်ာင္းသားလူငယ္ေတြအေနနဲ႕ ျမန္မာ့လူငယ္ေဘာလုံး လက္ေရြးစင္ အသင္းေတြမွာ ပါ၀င္လာႏိုင္မယ့္ အခြင့္အေရးေတြ ရလာမွာ ျဖစ္တယ္လို႔ေျပာပါတယ္။

Soundbite- ဦးစိုးမိုးေက်ာ္ (အမႈေဆာင္အရာရွိခ်ဴပ္)
ျမန္မာေနရွင္နယ္လိဂ္ (MNL)

ေဘာလုံးအေျခခံကစားနည္း သင္ၾကားေရး ဗီဒီယိုရုပ္သံစီးရီး အစီအစဥ္ပါ၀င္တ့ဲ ဒီဗီြဒီအခ်ပ္ေရ ၁၅၀၀၀ ခန္႔ကို ပဲခူး၊ မႏၱေလး၊ေမာ္လျမိဳင္၊ မုံရြာ၊ ပုသိမ္၊ စစ္ေတြ၊ ေတာင္ၾကီးနဲ႔ ရန္ကုန္ၿမိဳ႕ေတြက အေျခခံပညာေက်ာင္းေတြ အျပင္ MNL ကလပ္အသင္းေတြ၊ ျမိဳ႕နယ္ အလိုက္ေဘာလုံးအဖြဲ႕အစည္းေတြ၊Grassrootsေဘာလုံးပြဲေတာ္နဲ႕ ၁၄ႏွစ္ေအာက္ ေဘာလုံးျပိဳင္ပြဲစတ့ဲေနရာေတြကို ျဖန္႔ေ၀သြားမွာျဖစ္ပါတယ္။
ဒီအစီအစဥ္ကို ျမန္မာႏိုင္ငံေဘာလုံးအသင္းခ်ဴပ္ (MFF)၊ ျမန္မာေနရွင္နယ္လိဂ္ (MNL)နဲ႔ ျမန္မာ့ဆက္သြယ္ေရးေအာ္ပေရတာ MPT တို႔က ပူးေပါင္းတ့ဲ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မျိုးဆက်သစ် ဘောလုံးသမားတွေအတွက် အခြေခံ ဘောလုံးကစားနည်း ဗီဒီယို ဖြန့်ဝေဖို့ရှိ

လူငယ်မျိုးဆက်သစ် ဘောလုံးကစားသမားတွေ ဖွံဖြိုးတိုးတက်ဖို့ အထောက်အပံ့ပေးမယ့် အခြေခံ ဘောလုံးကစားနည်း ဗီဒီယိုစီးရီးတွေကို အောက်တိုဘာလမှစတင်ကာ ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ ကျောင်းသားလူငယ်တွေအတွက် အရေးပါတဲ့ အခြေခံဘောလုံးကစား နည်းတွေဖြစ်တဲ့ ဂိုးဖမ်းနည်း၊ ဘောလုံးအပေးအယူလုပ်နည်းနဲ့ ဘောလုံးဆွဲယူနည်းစတဲ့ အခြေခံဘောလုံး ကစားနည်းတွေကို ဗီဒီယိုကနေတဆင့် လေ့ကျင့်နိုင်ဖို့ ရည်ရွယ်ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအသင်းချူပ် အစည်းအဝေးခန်းမမှာ နိုင်ငံတစ်ဝှမ်းအခြေခံပညာကျောင်းတွေမှာ ပြုလုပ်သွားမယ့် အခြေခံဘောလုံးကျွမ်းကျင်မှု သရုပ်ပြအစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုခဲ့တာပါ။

Soundbite- ဦးစိုးမိုးကျော် (အမှုဆောင်အရာရှိချူပ်)
မြန်မာနေရှင်နယ်လိဂ် (MNL)

ဒါ့အပြင် ကျောင်းသားလူငယ်တွေအနေနဲ့ အခြေခံဘောလုံးကစားနည်းတွေကို စနစ်တကျ တတ်မြောက်နိုင်မှာ ဖြစ်သလို စနစ်တကျတတ်မြောက်ပါက ကျောင်းသားလူငယ်တွေအနေနဲ့ မြန်မာ့လူငယ်ဘောလုံး လက်ရွေးစင် အသင်းတွေမှာ ပါဝင်လာနိုင်မယ့် အခွင့်အရေးတွေ ရလာမှာ ဖြစ်တယ်လို့ပြောပါတယ်။

Soundbite- ဦးစိုးမိုးကျော် (အမှုဆောင်အရာရှိချူပ်)
မြန်မာနေရှင်နယ်လိဂ် (MNL)

ဘောလုံးအခြေခံကစားနည်း သင်ကြားရေး ဗီဒီယိုရုပ်သံစီးရီး အစီအစဉ်ပါဝင်တဲ့ ဒီဗွီဒီအချပ်ရေ ၁၅၀ဝ၀ ခန့်ကို ပဲခူး၊ မန္တလေး၊မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ စစ်တွေ၊ တောင်ကြီးနဲ့ ရန်ကုန်မြို့တွေက အခြေခံပညာကျောင်းတွေ အပြင် MNL ကလပ်အသင်းတွေ၊ မြို့နယ် အလိုက်ဘောလုံးအဖွဲ့အစည်းတွေ၊Grassrootsဘောလုံးပွဲတော်နဲ့ ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲစတဲ့နေရာတွေကို ဖြန့်ဝေသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအသင်းချူပ် (MFF)၊ မြန်မာနေရှင်နယ်လိဂ် (MNL)နဲ့ မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPT တို့က ပူးပေါင်းတဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)