စက္႐ုံ ၅ ႐ုံက လုပ္သားအင္အား ၃၀၀ နီးပါး အလုပ္သမားအခြင့္အေရးအတြက္ ဆႏၵျပ (႐ုပ္/သံ)

0
1006

လိႈင္သာယာစက္မႈဇုံထဲက ဖိနပ္စက္႐ုံနဲ႔ အထည္ခ်ဴပ္စက္႐ုံ ၅ ႐ုံက လုပ္သားအင္အား ၃၀၀ ေလာက္က အလုပ္သမားအခြင့္အေရး ရရွိဖို႔အတြက္ ေတာင္းဆိုဆႏၵျပခ့ဲပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ စိုင္းဟန္က ေပးပုိ႔ထားပါတယ္။

အလုပ္သမားေခါင္းေဆာင္ေတြ အလုပ္ထုတ္ခံရတာေတြ၊ အလုပ္ပိတ္ေလ်ာ္ေၾကးမရတာေတြ၊ လုပ္ခလစာ မရတာေတြ၊ မူလရာထူး လုပ္ခလစာေလ်ာ့ခ်ခံရတာေတြနဲ႔ သက္ဆိုင္တ့ဲ အျငင္းပြားမႈေတြကို အျမန္ဆုံး မေျဖရွင္းႏိုင္တ့ဲအေပၚ အလုပ္သမားအခြင့္အေရး ဆုံး႐ႈံးမႈေတြ ျဖစ္ေပၚေနတာပါ။

အဲဒါေၾကာင့္ အလုပ္သမားအခြင့္အေရး ရရွိေရးအတြက္ ဖိနပ္စက္႐ုံ သုံး႐ုံနဲ႕ အထည္ခ်ဴပ္စက္႐ုံ ႏွစ္႐ုံက အလုပ္သမားေတြက စက္တင္ဘာလ ၂၆ ရက္ေန႔က ေတာင္းဆိုဆႏၵျပခ့ဲၾကတာ ျဖစ္ပါတယ္။
Soundbite –ကိုဟိန္းသူ(အလုပ္သမားေခါင္းေဆာင္)
Central Star အထည္ခ်ဴပ္စက္႐ုံ

ဒါ့အျပင္ ျမန္မာႏိုင္ငံကို လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၿပီးလုပ္ကုိင္မယ့္ စီးပြားေရးလုပ္ငန္းရွင္ေတြကုိ အလုပ္သမား ဥပေဒေတြနဲ႔အညီ လုပ္ေဆာင္ဖို႔ အစိုးရအေနနဲ႔ ၾကပ္မတ္ေပးဖုိ႔ လုိအပ္ေနၿပီး မလုပ္ေဆာင္ႏိုင္ပါက အလုပ္ရွင္၊ အလုပ္သမားအျငင္းပြားမႈျပသနာေတြ ပုိမုိျဖစ္ပြားလာနုိင္တယ္လုိ႔ အလုပ္သမားအေရးေဆာင္ရြက္သူေတြက ေျပာပါတယ္။

Soundbite ဦးရဲနုိင္၀င္း (အႀကံေပးအဖြဲ႔၀င္)
ပဲခူးတုိင္းေဒသႀကီးလႊတ္ေတာ္

ဒီစုေပါင္းေတာင္းဆိုဆႏၵျပပြဲကို လိႈင္သာယာျမိဳ႕နယ္ ေအာင္ေျမသာယာေဘာလုံးကြင္းေရွ႕ကေန စတင္ၿပီး က်န္စစ္သားလမ္း၊ ရန္ကုန္-ပုသိမ္လမ္းမၾကီး၊ ရန္ကုန္-ေညာင္တုန္းလမ္းမၾကီးအတိုင္း အလုပ္သမားအခြင့္အေရး ရရွိေရးအတြက္ စီတန္းလွည့္လည္ေတာင္းဆိုခဲ့ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်ရုံ ၅ ရုံက လုပ်သားအင်အား ၃၀ဝ နီးပါး အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြ

လှိုင်သာယာစက်မှုဇုံထဲက ဖိနပ်စက်ရုံနဲ့ အထည်ချူပ်စက်ရုံ ၅ ရုံက လုပ်သားအင်အား ၃၀ဝ လောက်က အလုပ်သမားအခွင့်အရေး ရရှိဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရတာတွေ၊ အလုပ်ပိတ်လျော်ကြေးမရတာတွေ၊ လုပ်ခလစာ မရတာတွေ၊ မူလရာထူး လုပ်ခလစာလျော့ချခံရတာတွေနဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို အမြန်ဆုံး မဖြေရှင်းနိုင်တဲ့အပေါ် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာပါ။

အဲဒါကြောင့် အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် ဖိနပ်စက်ရုံ သုံးရုံနဲ့ အထည်ချူပ်စက်ရုံ နှစ်ရုံက အလုပ်သမားတွေက စက်တင်ဘာလ ၂၆ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
Soundbite –ကိုဟိန်းသူ(အလုပ်သမားခေါင်းဆောင်)
Central Star အထည်ချူပ်စက်ရုံ

ဒါ့အပြင် မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံပြီးလုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို အလုပ်သမား ဥပဒေတွေနဲ့အညီ လုပ်ဆောင်ဖို့ အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ လိုအပ်နေပြီး မလုပ်ဆောင်နိုင်ပါက အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုပြသနာတွေ ပိုမိုဖြစ်ပွားလာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

Soundbite ဦးရဲနိုင်ဝင်း (အကြံပေးအဖွဲ့ဝင်)
ပဲခူးတိုင်းဒေသကြီးလွှတ်တော်

ဒီစုပေါင်းတောင်းဆိုဆန္ဒပြပွဲကို လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းရှေ့ကနေ စတင်ပြီး ကျန်စစ်သားလမ်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ရန်ကုန်-ညောင်တုန်းလမ်းမကြီးအတိုင်း အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် စီတန်းလှည့်လည်တောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)