မဂၤလာေတာင္ညြန္႔ ဓားခုတ္မႈ က်ဴးလြန္သူေတြအနက္ တစ္ဦး ဖမ္းမိ

0
1470

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ စံျပအမဲေစ်းအနီးမွာ စက္တင္ဘာ ၂၅ ရက္ေန႔က လင္မယားႏွစ္ဦးကို လူ ေလးဦးက ဝိုင္းၿပီး ဓားနဲ႔ ခုတ္တဲ့အမႈမွာ ပါဝင္သူတစ္ဦးကို ဖမ္းမိခဲ့ပါတယ္။

 

မယာကုန္းလမ္း၊ (၁၂၃)လမ္းထိပ္မွာ ဦးေဇာ္ထြန္းမင္း (ခ) ေဇာ္ႀကီး (၄၁ ႏွစ္)နဲ႔ ဇနီး ေဒၚမိမိစိုး (၄၀ ႏွစ္)တို႔ စီးလာတဲ့ ကားကို အရင္က စကားမ်ားဖူးတဲ့ ဟူစိန္၊ ဟာဆန္း၊ အဘတ္စလီနဲ႔ အမည္မသိအမ်ိဳးသား ေလးဦးတို႔ စီးလာတဲ့ ကားေတြက ေရွ႕၊ ေနာက္ ပိတ္ရပ္ၿပီး ဓားနဲ႔ ဝိုင္းခုတ္ခဲ့တာ ျဖစ္ပါတယ္။

ဦးေဇာ္မင္းထြန္းနဲ႔ ေဒၚမိမိစိုးတို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံးႀကီးမွာ အတြင္းလူနာအျဖစ္ ေဆးကုသခံေနရပါတယ္။ ဟူစိန္ကို စက္တင္ဘာ ၂၅ ရက္ေန႔ ညေနမွာ ဖမ္းဆီးရမိၿပီး က်န္လူေတြကို ဆက္လက္ စံုစမ္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်္ဂလာတောင်ညွန့် ဓားခုတ်မှု ကျူးလွန်သူတွေအနက် တစ်ဦး ဖမ်းမိ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြအမဲဈေးအနီးမှာ စက်တင်ဘာ ၂၅ ရက်နေ့က လင်မယား နှစ်ဦးကို လူ လေးဦးက ဝိုင်းပြီး ဓားနဲ့ ခုတ်တဲ့ အမှုမှာ ပါဝင်သူ တစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

မယာကုန်း လမ်း၊ (၁၂၃)လမ်းထိပ်မှာ ဦးဇော်ထွန်းမင်း (ခ) ဇော်ကြီး (၄၁ နှစ်) နဲ့ ဇနီး ဒေါ်မိမိစိုး (၄၀ နှစ်) တို့ စီးလာတဲ့ ကားကို အရင်က စကားများဖူးတဲ့ ဟူစိန်၊ ဟာဆန်း၊ အဘတ်စလီနဲ့ အမည်မသိအမျိုးသား လေးဦးတို့ စီးလာတဲ့ ကားတွေက ရှေ့၊ နောက် ပိတ်ရပ်ပြီး ဓားနဲ့ ဝိုင်းခုတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်မင်းထွန်းနဲ့ ဒေါ်မိမိစိုးတို့ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရပါတယ်။ ဟူစိန်ကို စက်တင်ဘာ ၂၅ ရက်နေ့ ညနေမှာ ဖမ်းဆီးရမိပြီး ကျန်လူတွေကို ဆက်လက် စုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)