လိႈင္သာယာမွာ လူတစ္ဦး ပစ္သတ္ခံရ၊ က်ဴးလြန္သူ ေလးဦးကို ဖမ္းမိ

0
224

ရန္ကုန္တိုင္း၊ လိႈင္သာယာၿမိဳ႕နယ္မွာ ေသနတ္နဲ႔ပစ္ခတ္လို႔ လူတစ္ဦး ေသဆံုးၿပီး တစ္ဦးဒဏ္ရာရကာ က်ဴးလြန္သူ ေလးဦးကို အျမန္ဆံုး ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

မေန႔က စက္တင္ဘာ ၂၆ ရက္ေန႔က တြံ႕ေတးၿမိဳ႕နယ္ မင္းပိုင္းရပ္ကြက္ေန ေစာလမြန္ (ခ) ကိုေစာ၊ ေစာႀကီး (ခ) ေစာလမြန္ဖားၾကယ္၊ ေစာညီညီႏိုင္ (ခ) ဖိုးကလားနဲ႔ ေစာထြန္းႏိုင္တို႔ ေလးဦးက တကၠစီနဲ႔ လႈိင္သာယာၿမိဳ႕နယ္၊ အျပင္ပဒံေက်းရြာ ဆန္စက္လမ္းေန ခင္ေမာင္လြင္ (ခ) ဝႀကီး (၅၆ ႏွစ္) ဆီ ေရာက္ရွိလာၿပီး ၿခံစည္း႐ိုးခတ္ခ က်န္ေငြ က်ပ္သိန္း ၃၃၀ ေတာင္းရာက စကားမ်ားၿပီး ေစာလမြန္တို႔က ပစၥတိုေသနတ္နဲ႔ ခင္ေမာင္လြင္ကို ပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။ ခင္ေမာင္လြင္နဲ႔ အတူရွိေနတဲ့ ေအာင္မင္းဦးကိုလည္း ထိုးႀကိတ္ၿပီး ဖမ္းဆီး ေခၚေဆာင္သြားခဲ့ပါတယ္။

သူတို႔ ငွားစီးလာတဲ့ ယာဥ္ေမာင္းရဲ႕ ေျပာဆိုခ်က္အရ တြံ႕ေတးၿမိဳ႕နယ္၊ ေရေက်ာ္ေလးေက်းရြာရွိ ငါးကန္ေစာင့္တဲ တစ္ခုအတြင္း ေအာင္မင္းဦးကို ရွာေတြ႔ခဲ့ၿပီး ေရေက်ာ္ေလးေက်းရြာအနီး တျခား ငါးကန္ေဘာင္ေတြေပၚမွာ ေစာလမြန္တို႔ ေလးဦးကို ေတြ႔ရွိလို႔ ေျခာက္လွန္႔ပစ္ခတ္ ဖမ္းဆီးခဲ့ပါတယ္။ ပြိဳင့္ ၄၅ ပစၥတိုတစ္လက္နဲ႔ က်ည္ တစ္ေတာင့္၊ ရီမင္တန္ တစ္လုံးထိုး ေသနတ္နဲ႔ က်ည္ ငါးေတာင့္တို႔ကိုလည္း ဖမ္းဆီးရမိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာမှာ လူတစ်ဦး ပစ်သတ်ခံရ၊ ကျူးလွန်သူ လေးဦးကို ဖမ်းမိ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ သေနတ်နဲ့ ပစ်ခတ်လို့ လူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ ကျူးလွန်သူ လေးဦးကို အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မနေ့က စက်တင်ဘာ ၂၆ ရက်နေ့က တွံ့တေးမြို့နယ် မင်းပိုင်းရပ်ကွက်နေ စောလမွန် (ခ) ကိုစော၊ စောကြီး (ခ) စောလမွန်ဖားကြယ်၊ စောညီညီနိုင် (ခ) ဖိုးကလားနဲ့ စောထွန်းနိုင်တို့ လေးဦးက တက္ကစီနဲ့ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ ဆန်စက်လမ်းနေ ခင်မောင်လွင် (ခ) ဝကြီး (၅၆ နှစ်) ဆီ ရောက်ရှိလာပြီး ခြံစည်းရိုးခတ်ခ ကျန်ငွေ ကျပ်သိန်း ၃၃၀ တောင်းရာက စကားများပြီး စောလမွန်တို့က ပစ္စတိုသေနတ်နဲ့ ခင်မောင်လွင်ကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ခင်မောင်လွင်နဲ့ အတူရှိနေတဲ့ အောင်မင်းဦးကိုလည်း ထိုးကြိတ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

သူတို့ ငှားစီးလာတဲ့ ယာဉ်မောင်းရဲ့ ပြောဆိုချက်အရ တွံ့တေးမြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲ တစ်ခုအတွင်း အောင်မင်းဦးကို ရှာတွေ့ခဲ့ပြီး ရေကျော်လေးကျေးရွာအနီး တခြား ငါးကန်ဘောင်တွေပေါ်မှာ စောလမွန်တို့ လေးဦးကို တွေ့ရှိလို့ ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ပွိုင့် ၄၅ ပစ္စတိုတစ်လက်နဲ့ ကျည် တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုး သေနတ်နဲ့ ကျည် ငါးတောင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)