ျပည္တြင္း ျပည္ပ မီဒီယာေတြ သကၠယ္ျပင္ ကယ္ဆယ္ေရးစခန္းမွာ သတင္းယူ

0
685

ျပည္တြင္းျပည္ပ သတင္းမီဒီယာေတြ ပါဝင္တဲ့အဖြဲ႔ဟာ သတင္းယူဖို႔ မေန႔က စက္တင္ဘာ ၂၆ မွာ ရန္ကုန္ကေန စစ္ေတြကို ထြက္ခြာသြားခဲ့ပါတယ္။

စစ္ေတြၿမိဳ႕ရွိ သကၠယ္ျပင္ ကယ္ဆယ္ေရးစခန္းကို သြားေရာက္ရွိၾကၿပီး တာဝန္ရွိသူေတြ၊ စခန္းအတြင္း ေနထိုင္ၾကသူေတြနဲ႔ ေတြ႔ဆံုၿပီး ျပန္လည္ေနရာခ်ထားေပးမယ့္ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ ေမးျမန္း သတင္းယူခဲ့ၾကပါတယ္။

ျပည္တြင္း ျပည္ပ သတင္းမီဒီယာအဖြဲမွာ နစ္ကီ ရွင္ဘြန္း၊ NHK, နစ္ပြန္ TV, CRI, CNN, The Guardian သတင္းစာ, The Washington Post, CBC , Arte Television , MRTV, MITV နဲ႔ MNA သတင္းဌာနတို႔ ပါဝင္ပါတယ္။ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ရခိုင္ျပည္နယ္ကို သတင္းမီဒီယာေတြ သတင္းယူခြင့္ျပဳတာ ၂၆ ႀကိမ္ ရွိၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်း ပြည်ပ မီဒီယာတွေ သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းမှာ သတင်းယူ

ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ ပါဝင်တဲ့အဖွဲ့ဟာ သတင်းယူဖို့ မနေ့က စက်တင်ဘာ ၂၆ မှာ ရန်ကုန်ကနေ စစ်တွေကို ထွက်ခွာသွားခဲ့ပါတယ်။

စစ်တွေမြို့ရှိ သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းကို သွားရောက်ရှိကြပြီး တာဝန်ရှိသူတွေ၊ စခန်းအတွင်း နေထိုင်ကြသူတွေနဲ့ တွေ့ဆုံပြီး ပြန်လည်နေရာချထားပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်း သတင်းယူခဲ့ကြပါတယ်။

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲမှာ နစ်ကီ ရှင်ဘွန်း၊ NHK, နစ်ပွန် TV, CRI, CNN, The Guardian သတင်းစာ, The Washington Post, CBC , Arte Television , MRTV, MITV နဲ့ MNA သတင်းဌာနတို့ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ရခိုင်ပြည်နယ်ကို သတင်းမီဒီယာတွေ သတင်းယူခွင့်ပြုတာ ၂၆ ကြိမ် ရှိပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)