ဝန္ႀကီး ဦးေက်ာ္တင္ ကုလၿငိမ္းခ်မ္းေရး ထိန္းသိမ္းေရး အဆင့္ျမင့္ေဆြးေႏြပြဲ တက္ေရာက္

0
758

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ဟာ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ ေဖာ္ေဆာင္ေရးဆိုင္ရာ အဆင့္ျမင့္ အစည္းအေဝး (High-Level Meeting on Action for Peacekeeping) ကို စက္တင္ဘာ ၂၅ ရက္ေန႔မွာ တက္ေရာက္ခဲ့ပါတယ္။

အဲဒီ အစည္းအေဝးမွာ ျမန္မာႏိုင္ငံ အပါအဝင္ ကုလသမဂၢ အဖြဲ႔ဝင္ႏိုင္ငံေပါင္း ၁၄၅ ႏိုင္ငံက ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးဆိုင္ရာ ေၾကညာခ်က္ Declaration of Shared Commitments on Peacekeeping Operations ကို ေထာက္ခံအတည္ျပဳခဲ့ပါတယ္။

ဝန္ႀကီး ဦးေက်ာ္တင္ဟာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ လိင္အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥ ပရာမီလာ ပက္ထရန္၊ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး မစၥတာ ဖိလစ္ပို ဂရန္ဒီတို႔ကိုလည္း သီးျခားစီ ေတြ႔ဆံုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဦးကျော်တင် ကုလငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဆင့်မြင့်ဆွေးနွေပွဲ တက်ရောက်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဖော်ဆောင်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေး (High-Level Meeting on Action for Peacekeeping) ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ တက်ရောက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၄၅ နိုင်ငံက ငြိမ်းချမ်းရေးထိန်းသိမ်းရေးဆိုင်ရာ ကြေညာချက် Declaration of Shared Commitments on Peacekeeping Operations ကို ထောက်ခံအတည်ပြုခဲ့ပါတယ်။

ဝန်ကြီး ဦးကျော်တင်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လိင်အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပက်ထရန်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖိလစ်ပို ဂရန်ဒီတို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)