စဥ့္အိုးတန္း-ကမာကဆစ္ စက္သမၺန္နဲ႔ ကုန္သေဘၤာတိုက္မိ၊ လူအားလံုး ကယ္ဆယ္ႏိုင္ခဲ့

0
182

ရန္ကုန္ၿမိဳ႕၊ စဥ့္အိုးတန္း ဆိပ္ကမ္းနဲ႔ ဒလ ဘက္ကမ္းရွိ ကမာကဆစ္ဆိပ္ကို ေျပးဆြဲေနတဲ့ စက္ေလွတစ္စီးနဲ႔ စဥ့္အိုးတန္း အမွတ္ (၁) ေဗာတံတားက ကုန္တင္ေရယာဥ္ ဦးပိုင္းတို႔ တိုက္မိခဲ့ၿပီး အမ်ိဳးသမီးနဲ႔ ကေလးေတြကို အခ်ိန္မီ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

မေန႔က စက္တင္ဘာ ၂၆ ရက္ေန႔ ညေန ၅ နာရီမွာ ခရီးသည္ ၁၂ ဦးနဲ႔ ကေလးသံုးဦး တင္ေဆာင္လာတဲ့ စက္ေလွက ကုန္သေဘၤာဦးပိုင္းနဲ႔ ၿငိၿပီး စက္သမၺန္ထဲ ေရေတြဝင္လို႔ ကယ္ၾကဖို႔ ေအာ္ဟစ္ခဲ့ၾကရပါတယ္။ စက္သမၺန္ေမာင္းသူက အရင္ဆံုး ခုန္ခ်ထြက္ေျပးသြားခဲ့ပါတယ္။

ကုန္သေဘၤာက သေဘၤာသားေတြက ဦးပိုင္း ကေန ဆြဲယူ ကယ္ဆယ္တာ၊ စက္ေလွေတြ ေရာက္လာၿပီး ကယ္ဆယ္တာေတြ လုပ္ခဲ့လို႔ ေလးႏွစ္အရြယ္ ေယာက်္ားေလး ႏွစ္ဦးနဲ႔ သုံးႏွစ္အရြယ္ မိန္းကေလး တစ္ဦးတို႔ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ပါတယ္။ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ကုန္သေဘၤာပိုင္ရွင္၊ ရတနာသိယၤ ေရယာဥ္အုပ္နဲ႔ စက္သမၺန္ေမာင္းႏွင္သူတို႔ကို ဆိပ္ကမ္းၿမိဳ႕ နယ္ရဲစခန္းက စစ္ေဆးေမးျမန္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စဉ့်အိုးတန်း-ကမာကဆစ် စက်သမ္ဗန်နဲ့ ကုန်သင်္ဘောတိုက်မိ၊ လူအားလုံး ကယ်ဆယ်နိုင်ခဲ့

ရန်ကုန်မြို့၊ စဉ့်အိုးတန်း ဆိပ်ကမ်းနဲ့ ဒလ ဘက်ကမ်းရှိ ကမာကဆစ်ဆိပ်ကို ပြေးဆွဲနေတဲ့ စက်လှေတစ်စီးနဲ့ စဉ့်အိုးတန်း အမှတ် (၁) ဗောတံတားက ကုန်တင်ရေယာဉ် ဦးပိုင်းတို့ တိုက်မိခဲ့ပြီး အမျိုးသမီးနဲ့ ကလေးတွေကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

မနေ့က စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီမှာ ခရီးသည် ၁၂ ဦးနဲ့ ကလေးသုံးဦး တင်ဆောင်လာတဲ့ စက်လှေက ကုန်သင်္ဘောဦးပိုင်းနဲ့ ငြိပြီး စက်သမ္ဗန်ထဲ ရေတွေဝင်လို့ ကယ်ကြဖို့ အော်ဟစ်ခဲ့ကြရပါတယ်။ စက်သမ္ဗန်မောင်းသူက အရင်ဆုံး ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။

ကုန်သင်္ဘောက သင်္ဘောသားတွေက ဦးပိုင်း ကနေ ဆွဲယူ ကယ်ဆယ်တာ၊ စက်လှေတွေ ရောက်လာပြီး ကယ်ဆယ်တာတွေ လုပ်ခဲ့လို့ လေးနှစ်အရွယ် ယောကျာ်းလေး နှစ်ဦးနဲ့ သုံးနှစ်အရွယ် မိန်းကလေး တစ်ဦးတို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုန်သင်္ဘောပိုင်ရှင်၊ ရတနာသိင်္ယ ရေယာဉ်အုပ်နဲ့ စက်သမ္ဗန်မောင်းနှင်သူတို့ကို ဆိပ်ကမ်းမြို့ နယ်ရဲစခန်းက စစ်ဆေးမေးမြန်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)