ျမန္မာႏိုင္ငံမွာ ဆင္ေတြကို သတ္ျဖတ္မႈ ျမင့္တက္ေနဆဲ

0
1381

ျမန္မာႏိုင္ငံတဝွမ္းမွာ ဆင္စခန္း ၁၆ ခု ဖြင့္ထားၿပီး ေနာက္ထပ္ဖြင့္ဖို႔လည္း အစီအစဥ္ေတြရွိေပမယ့္ ဆင္မုဆိုးေတြ သတ္ျဖတ္ေနတဲ့ ျပႆနာကို ေဘးမဲ့ေတာေတြက ေျဖရွင္းႏိုင္မလားဆိုတာကို ေဆြးေႏြးျငင္းခုန္စရာ ျဖစ္ေနပါတယ္။

ျမန္မာ့သစ္ေတာေတြနဲ႔ ေျမျပန္႔ေတြမွာ ၁၉၄၀ ဝန္းက်င္က ဆင္ေကာင္ေရ ၁ ေသာင္း ရွိခဲ့ေပမယ့္ ဒီေန႔ေခတ္မွာေတာ့ ေတာဆင္႐ိုင္း ၁၄၀၀ နဲ႔ ၂၁၀၀ ၾကား၊ ဖမ္းၿပီး ထိန္းသိမ္းထားတဲ့ ဆင္ေကာင္ေရ ၅ ေထာင္ေက်ာ္သာ ရွိပါတယ္။

ျမန္မာနဲ႔ အေမရိကန္ သုေတသီေတြ၊ ျပင္သစ္ ႐ုပ္သံမွတ္တင္သူတို႔ရဲ႕ ေလ့လာခ်က္အရ ေဒသသံုးခုအတြင္း သြားလာေနတဲ့ GPS ေကာ္လံ တပ္ေပးထားတဲ့ ဆင္ ၁၉ ေကာင္အနက္ ၇ ေကာင္ဟာ တစ္ႏွစ္အတြင္း အသတ္ခံခဲ့ရတာ ေတြ႔ရွိခဲ့တယ္လို႔ အိုင္းရစ္တိုင္းမ္သတင္းမွာ ေဖာ္ျပထားပါတယ္။ လူေတြေၾကာင့္ ေသဆံုး၊ ေပ်ာက္ဆံုးတဲ့ တျခားဆင္လည္း ၁၉ ေကာင္ရွိတဲ့အတြက္ အေျခအေန ပိုဆိုးေနတာ ျဖစ္ပါတယ္။

ဆင္ရဲ႕ အသားနဲ႔ အေရျပားကို တ႐ုတ္မွာ ဝယ္လိုအား ျမင့္တက္ေနၿပီး နယ္စပ္မွာ အေရာင္းအဝယ္ လုပ္ေနတဲ့အခ်က္က ဆင္ေတြကို သတ္ျဖတ္ဖို႔ အုပ္စုလိုက္ ေသခ်ာ စုစည္းလုပ္ေဆာင္မႈေတြ ရွိေနၿပီး ေမွာင္ခိုကူးတဲ့ ကြန္ရက္ေတြ ရွိေနတာကို ညႊန္ျပေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ ဆင်တွေကို သတ်ဖြတ်မှု မြင့်တက်နေဆဲ

မြန်မာနိုင်ငံတဝှမ်းမှာ ဆင်စခန်း ၁၆ ခု ဖွင့်ထားပြီး နောက်ထပ်ဖွင့်ဖို့လည်း အစီအစဉ်တွေရှိပေမယ့် ဆင်မုဆိုးတွေ သတ်ဖြတ်နေတဲ့ ပြဿနာကို ဘေးမဲ့တောတွေက ဖြေရှင်းနိုင်မလားဆိုတာကို ဆွေးနွေးငြင်းခုန်စရာ ဖြစ်နေပါတယ်။

မြန်မာ့သစ်တောတွေနဲ့ မြေပြန့်တွေမှာ ၁၉၄၀ ဝန်းကျင်က ဆင်ကောင်ရေ ၁ သောင်း ရှိခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ တောဆင်ရိုင်း ၁၄၀ဝ နဲ့ ၂၁၀ဝ ကြား၊ ဖမ်းပြီး ထိန်းသိမ်းထားတဲ့ ဆင်ကောင်ရေ ၅ ထောင်ကျော်သာ ရှိပါတယ်။

မြန်မာနဲ့ အမေရိကန် သုတေသီတွေ၊ ပြင်သစ် ရုပ်သံမှတ်တင်သူတို့ရဲ့ လေ့လာချက်အရ ဒေသသုံးခုအတွင်း သွားလာနေတဲ့ GPS ကော်လံ တပ်ပေးထားတဲ့ ဆင် ၁၉ ကောင်အနက် ၇ ကောင်ဟာ တစ်နှစ်အတွင်း အသတ်ခံခဲ့ရတာ တွေ့ရှိခဲ့တယ်လို့ အိုင်းရစ်တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။ လူတွေကြောင့် သေဆုံး၊ ပျောက်ဆုံးတဲ့ တခြားဆင်လည်း ၁၉ ကောင်ရှိတဲ့အတွက် အခြေအနေ ပိုဆိုးနေတာ ဖြစ်ပါတယ်။

ဆင်ရဲ့ အသားနဲ့ အရေပြားကို တရုတ်မှာ ဝယ်လိုအား မြင့်တက်နေပြီး နယ်စပ်မှာ အရောင်းအဝယ် လုပ်နေတဲ့အချက်က ဆင်တွေကို သတ်ဖြတ်ဖို့ အုပ်စုလိုက် သေချာ စုစည်းလုပ်ဆောင်မှုတွေ ရှိနေပြီး မှောင်ခိုကူးတဲ့ ကွန်ရက်တွေ ရှိနေတာကို ညွှန်ပြနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)