ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ကုလ ေအဂ်င္စီေတြ ပထမအႀကိမ္ ကြင္းဆင္းေလ့လာမႈ ၿပီးဆံုး

0
1254

ကုလသမဂၢဖြံ႔ၿဖိဳးမႈ အစီအစဥ္ (UNDP)နဲ႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR)တို႔က အဖြဲ႔ေတြဟာ ရခိုင္ျပည္နယ္မွာ သူတို႔ရဲ႕ ပထမဆံုး ကြင္းဆင္းေလ့လာမႈ ၿပီးေျမာက္သြားၿပီ ျဖစ္ပါတယ္။

ေအဂ်င္စီေတြဟာ စုေဆာင္းရရွိတဲ့ အခ်က္အလက္ေတြကို သံုးသပ္ေလ့လာေနပါတယ္လို႔ UNHCR ရဲ႕ အစီရင္ခံေရး အရာရွိ အြိဳင္ဖီ မက္ခ္ေဒၚနယ္က ေျပာတယ္လို႔ ေအးရွားနယူးစ္မွာ ေဖာ္ျပထားပါတယ္။ ကုလ ေအဂ်င္စီႏွစ္ခုက အဖြဲ႔ေတြဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ေဒသခံေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီး သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကို နားလည္ဖို႔၊ ပဋိပကၡျဖစ္ပြားခဲ့ရာ ေနရာ ၂၃ ခုနဲ႔ ရြာ ၁၆ ရြာမွာ အစိုးရအေနနဲ႔ ဘာေတြ လုပ္ေပးဖို႔ လိုအပ္မလဲ ဆိုတာေတြ သိရွိေအာင္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ပဋိပကၡ အၾကမ္းဖက္မႈေတြ ျဖစ္ပြားၿပီးေနာက္ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႔ကမွ ကုလသမဂၢ အဖြဲ႔ေတြကို ပထမဆံုးအႀကိမ္ ဝင္ခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကုလ အေဂျင်စီတွေ ပထမအကြိမ် ကွင်းဆင်းလေ့လာမှု ပြီးဆုံး

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့က အဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ ပထမဆုံး ကွင်းဆင်းလေ့လာမှု ပြီးမြောက်သွားပြီ ဖြစ်ပါတယ်။

အေဂျင်စီတွေဟာ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို သုံးသပ်လေ့လာနေပါတယ်လို့ UNHCR ရဲ့ အစီရင်ခံရေး အရာရှိ အွိုင်ဖီ မက်ခ်ဒေါ်နယ်က ပြောတယ်လို့ အေးရှားနယူးစ်မှာ ဖော်ပြထားပါတယ်။ ကုလ အေဂျင်စီနှစ်ခုက အဖွဲ့တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို နားလည်ဖို့၊ ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာ ၂၃ ခုနဲ့ ရွာ ၁၆ ရွာမှာ အစိုးရအနေနဲ့ ဘာတွေ လုပ်ပေးဖို့ လိုအပ်မလဲ ဆိုတာတွေ သိရှိအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကမှ ကုလသမဂ္ဂ အဖွဲ့တွေကို ပထမဆုံးအကြိမ် ဝင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)