VOA အစီအစဥ္တင္ဆက္သူ ဘဂၤါလီအေရး ႏိုင္ငံျခားေရးေကာ္မတီ ေရွ႕ေမွာက္ သက္ေသခံ

0
1378

VOA သတင္းဌာနက အစီအစဥ္တင္ဆက္သူ ဂရက္တာဗန္ဆက္စတာရန္က မေန႔က စက္တင္ဘာ ၂၆ ရက္မွာ ဘဂၤါလီ မြတ္စလင္အေရးနဲ႔ပတ္သက္လို႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို သတိျပဳမိေစဖို႔ ကြန္ဂရက္ေရွ႕ေမွာက္မွာ သက္ေသခံ ထြက္ဆိုခဲ့ပါတယ္။

ေဖာက္စ္နယူးစ္နဲ႔ MSNBC တို႔မွာလည္း အစီအစဥ္တင္ဆက္သူအျဖစ္ လုပ္ကိုင္ခဲ့သူ ဗန္ဆက္စတာရန္က ဘဂၤလားေဒ့ရွ္ရွိ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္စခန္းေတြကို ေလးႀကိမ္ သြားေရာက္ေလ့လာခဲ့တာနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီ ေရွ႕ေမွာက္မွာ ထြက္ဆိုတာျဖစ္တယ္လို႔ သည္ေဟးလ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဘဂၤါလီ မြတ္စလင္ေတြဟာ အေမ့ခံ၊ ႏိုင္ငံမဲ့၊ အိုးအိမ္မဲ့ေတြ ျဖစ္ေၾကာင္း၊ ဘဂၤါလီ မြတ္စလင္ေတြကို လူမ်ိဳးတံုး ႏွိပ္ကြပ္တယ္လို႔ ယံုၾကည္ေၾကာင္း၊ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ေတြက ႏိုင္ငံတြင္းက ေမာင္းထုတ္ခဲ့ေၾကာင္း ဗန္ဆက္စတာရန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

VOA အစီအစဉ်တင်ဆက်သူ ဘင်္ဂါလီအရေး နိုင်ငံခြားရေးကော်မတီ ရှေ့မှောက် သက်သေခံ

VOA သတင်းဌာနက အစီအစဉ်တင်ဆက်သူ ဂရက်တာဗန်ဆက်စတာရန်က မနေ့က စက်တင်ဘာ ၂၆ ရက်မှာ ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတိပြုမိစေဖို့ ကွန်ဂရက်ရှေ့မှောက်မှာ သက်သေခံ ထွက်ဆိုခဲ့ပါတယ်။

ဖောက်စ်နယူးစ်နဲ့ MSNBC တို့မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သူ ဗန်ဆက်စတာရန်က ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းတွေကို လေးကြိမ် သွားရောက်လေ့လာခဲ့တာနဲ့ ပတ်သက်လို့ လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ရှေ့မှောက်မှာ ထွက်ဆိုတာဖြစ်တယ်လို့ သည်ဟေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေဟာ အမေ့ခံ၊ နိုင်ငံမဲ့၊ အိုးအိမ်မဲ့တွေ ဖြစ်ကြောင်း၊ ဘင်္ဂါလီ မွတ်စလင်တွေကို လူမျိုးတုံး နှိပ်ကွပ်တယ်လို့ ယုံကြည်ကြောင်း၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတွင်းက မောင်းထုတ်ခဲ့ကြောင်း ဗန်ဆက်စတာရန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)