
0
777




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ဒုက္ခသည်အရေး စိုးရိမ်ကြောင်း မလေးရှား ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီ မွတ်စလင် အရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာ တရားရေးစနစ် ထူထောင်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေးယူဖို့ ပထမဆုံး တာဝန်ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယအထွေထွေအတွင်းရေးမှူး ကင်နေဒီဂျာဝန်က ပြောတယ်လို့သည် စတားသတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားစီရင်မှုဆီ ပို့ပေးနိုင်ရေး ကျွနိုပ်တို့အားလုံး ရှိသမျှ သြဇာကိုသုံးပြီး လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)