ဘဂၤါလီအေရးအတြက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ဘဂၤလားေဒရွ္႕သြား ေဆြးေႏြးမယ္

0
320

ျမန္မာႏုိင္ငံက ကိုယ္စားလွယ္အဖြဲ႔ဟာ ဘဂၤါလီေတြအေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ လုပ္ဖုိ႔ လာမယ့္သီတင္းပတ္ထဲ ဘဂၤလားေဒရွ္႕ႏုိင္ငံဆီ ေရာက္ရွိလာဖြယ္ရွိတယ္လို႔ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရးဝန္ႀကီး ဆာဟီဒူလ္ဟာကြက္က ေျပာပါတယ္။

ဘဂၤလားေဒရွ္႕ႏုိင္ငံဟာ ရခုိင္ျပည္နယ္မွာ အၾကမ္းဖက္တုိက္ခုိက္မႈေတြ မျဖစ္ခင္တည္းက ျမန္မာ အစိုးရကို ဖိတ္ေခၚခဲ့တာ ျဖစ္ပါတယ္။ ဘဂၤါလီျပႆနာကို ေဆြးေႏြးအေျဖရွာမႈအျပင္ ဘဂၤလားေဒရွ္႕ႏုိင္ငံဆီ ေရာက္ရွိေနတဲ့ ဘဂၤါလီ ဒုကၡသည္ေတြကို ျပန္ေခၚေရးအတြက္ ေဆြးေႏြးမႈေတြလုပ္ဖြယ္ရွိ ပါတယ္။

ၾသဂုတ္ ၂၅ ရက္ေန႔က ရခုိင္ျပည္နယ္မွာ အၾကမ္းဖက္တုိက္ခုိက္မႈေတြ ျဖစ္ၿပီးေနာက္ပိုင္း ဘဂၤါလီေတြဟာ ဘဂၤလားေဒရွ္႕ႏုိင္ငံဆီ ထြက္ေျပးခဲ့ၿပီး ဘဂၤလားေဒရွ္႕ႏုိင္ငံမွာ ရခုိင္ျပည္နယ္ ကထြက္ေျပးလာတဲ့ ဒုကၡသည္ ၃ သိန္းေက်ာ္ ရွိေနပါတယ္။
……………… ။ ။ ………………

ဘင်္ဂါလီအရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ့်သွား ဆွေးနွေးမယ်

မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂါလီတွေအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့ လာမယ့်သီတင်းပတ်ထဲ ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ရောက်ရှိလာဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဆာဟီဒူလ်ဟာကွက်က ပြောပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ခင်တည်းက မြန်မာ အစိုးရကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂါလီပြဿနာကို ဆွေးနွေးအဖြေရှာမှုအပြင် ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ရောက်ရှိနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို ပြန်ခေါ်ရေးအတွက် ဆွေးနွေးမှုတွေလုပ်ဖွယ်ရှိ ပါတယ်။

သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ထွက်ပြေးခဲ့ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရခိုင်ပြည်နယ် ကထွက်ပြေးလာတဲ့ ဒုက္ခသည် ၃ သိန်းကျော် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)