အိႏၵိယ-ျမန္မာနယ္စပ္မွာ နာဂသူပုန္ေတြကို အိႏၵိယ အစိုးရတပ္ဖြဲ႔တုိက္ခုိက္

0
375

အိႏၵိယ စစ္တပ္ဟာ အိႏၵိယ – ျမန္မာနယ္စပ္ တစ္ေလွ်ာက္ရွိ နာဂ သူပုန္ေတြကို တုိက္ခိုက္ခဲ့ၿပီး နာဂ သူပုန္အမ်ားျပား ေသဆံုးခဲ့ပါတယ္။

အိႏၵိယ စစ္တပ္ဟာ အိႏၵိယ – ျမန္မာနယ္စပ္မွာ NSCN (K) ကို တုိက္ခုိက္ခဲ့တာျဖစ္ၿပီး အခု တုိက္ခိုက္မႈ ဟာ တိက်တဲ့ စစ္ေရးလႈပ္ရွားမႈတစ္ခု မဟုတ္ဘူးလို႔ အိႏၵိယ စစ္ဘက္ဆုိင္ရာ တာဝန္ရွိသူေတြကေျပာပါတယ္။

သူပုန္ေတြရဲ႕ တိုက္ခုိက္မႈကို တံု႔ျပန္တုိက္ခုိက္တာျဖစ္ၿပီး သူပုန္ေတြကို နံနက္ အာရံုမတက္ခင္အခ်ိန္မွာ အိႏၵိယ စစ္တပ္က တုိက္ခုိက္ခဲ့တာ ျဖစ္တယ္လို႔ အိႏၵိယ အေရွ႕ဘက္ပိုင္း စစ္ဌာန ဦးစီးခ်ဳပ္ကေျပာပါတယ္။

သူပုန္ေတြ ဟာ အိႏၵိယ – ျမန္မာနယ္စပ္က အိႏၵိယ အစိုးရ တပ္ဖြဲ႔ေတြကို တုိက္ခုိက္ခဲ့တာေၾကာင့္ အခုလိုမ်ိဳး တံု႔ျပန္တုိက္ခုိက္ခဲ့တာျဖစ္တယ္လုိ႔လည္း အိႏၵိယ စစ္ဘက္ ကေျပာပါတယ္။ အိႏၵိယ အစိုးရတပ္ဖြဲ႕ေတြ ဟာ နာဂသူပုန္ေတြကို ေခ်မႈန္းႏုိင္ဖို႔ တိက်တဲ့ စစ္ေဆးလႈပ္ရွားမႈေတြ လုပ္သြားမွာျဖစ္ပါတယ္။ အိႏၵိယ အစိုးရတပ္ဖြဲ႔ ဝင္ အေနနဲ႔တုိက္ခုိက္မႈအတြင္း ထိခုိက္ေသဆံုးတာမရွိခဲ့ပါဘူး။
……………….. ။ ။ ………………….

အိန္ဒိယ-မြန်မာနယ်စပ်မှာ နာဂသူပုန်တွေကို အိန္ဒိယ အစိုးရတပ်ဖွဲ့တိုက်ခိုက်

အိန္ဒိယ စစ်တပ်ဟာ အိန္ဒိယ – မြန်မာနယ်စပ် တစ်လျှောက်ရှိ နာဂ သူပုန်တွေကို တိုက်ခိုက်ခဲ့ပြီး နာဂ သူပုန်အများပြား သေဆုံးခဲ့ပါတယ်။

အိန္ဒိယ စစ်တပ်ဟာ အိန္ဒိယ – မြန်မာနယ်စပ်မှာ NSCN (K) ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခု တိုက်ခိုက်မှု ဟာ တိကျတဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခု မဟုတ်ဘူးလို့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။

သူပုန်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်တာဖြစ်ပြီး သူပုန်တွေကို နံနက် အာရုံမတက်ခင်အချိန်မှာ အိန္ဒိယ စစ်တပ်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ အရှေ့ဘက်ပိုင်း စစ်ဌာန ဦးစီးချုပ်ကပြောပါတယ်။

သူပုန်တွေ ဟာ အိန္ဒိယ – မြန်မာနယ်စပ်က အိန္ဒိယ အစိုးရ တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာကြောင့် အခုလိုမျိုး တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း အိန္ဒိယ စစ်ဘက် ကပြောပါတယ်။ အိန္ဒိယ အစိုးရတပ်ဖွဲ့တွေ ဟာ နာဂသူပုန်တွေကို ချေမှုန်းနိုင်ဖို့ တိကျတဲ့ စစ်ဆေးလှုပ်ရှားမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ အိန္ဒိယ အစိုးရတပ်ဖွဲ့ ဝင် အနေနဲ့တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတာမရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)