ဘဂၤါလီေတြ စိစစ္လက္ခံေရး ၁၉၈၂ ႏိုင္ငံသားဥပေဒနဲ႔ အညီသာ ေဆာင္ရြက္ရမယ္လို႔ ျပည္ခိုင္ၿဖိဳးေျပာ

0
291

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ဘဂၤါလီလူမ်ိဳးေတြအတြက္ ႏိုင္ငံသားစိစစ္ေရး လုပ္ငန္းစဥ္ကို တည္ဆဲဥပေဒျဖစ္တဲ့ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ အညီသာ ေဆာင္ရြက္ရမွာ ျဖစ္တယ္လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီက ေျပာပါတယ္။

ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အစည္းအေဝးက ေတာင္းဆိုခ်က္ေတြမွာ ဘဂၤါလီေတြကို ႏိုင္ငံသားစိစစ္ အတည္ျပဳေရး ကိုဖီအာနန္ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြအတိုင္း အေကာင္အထည္ေဖာ္ဖို႔ တိုးတြန္းထားၿပီး ျမန္မာအစိုးရကလည္း အျမန္ဆံုး အေကာင္ေဖာ္မယ္လို႔ ေျပာထားေပမယ့္ အဲဒါကို လက္မခံတဲ့ ႏိုင္ငံေရးပါတီ၊ အဖြဲ႔အစည္းေတြ ရွိတာေၾကာင့္ ျပည္တြင္းစည္းလံုးညီညြတ္မႈ ထိခိုက္မယ္လို႔လည္း ျပည္ခိုင္ၿဖိဳးရဲ႕ မေန႔က စက္တင္ဘာ ၂၆ ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ေတာင္းဆိုတဲ့ ဘဂၤါလီေတြအတြက္ သီးသန္႔ကင္းလြတ္နယ္ေျမ/ဇုန္ သတ္မွတ္ေရးကိုလည္း ျပင္းထန္စြာ ကန္႔ကြက္တယ္လို႔ ျပည္ခိုင္ၿဖိဳးက ေျပာပါတယ္။
……………… ။ ။ …………………

ဘင်္ဂါလီတွေ စိစစ်လက်ခံရေး ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ အညီသာ ဆောင်ရွက်ရမယ်လို့ ပြည်ခိုင်ဖြိုးပြော

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘင်္ဂါလီလူမျိုးတွေအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အညီသာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးက တောင်းဆိုချက်တွေမှာ ဘင်္ဂါလီတွေကို နိုင်ငံသားစိစစ် အတည်ပြုရေး ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ တိုးတွန်းထားပြီး မြန်မာအစိုးရကလည်း အမြန်ဆုံး အကောင်ဖော်မယ်လို့ ပြောထားပေမယ့် အဲဒါကို လက်မခံတဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေ ရှိတာကြောင့် ပြည်တွင်းစည်းလုံးညီညွတ်မှု ထိခိုက်မယ်လို့လည်း ပြည်ခိုင်ဖြိုးရဲ့ မနေ့က စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆိုတဲ့ ဘင်္ဂါလီတွေအတွက် သီးသန့်ကင်းလွတ်နယ်မြေ/ဇုန် သတ်မှတ်ရေးကိုလည်း ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ပြည်ခိုင်ဖြိုးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)