
0
311



………………။ ။ …………………

UNFC ရဲ့Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကြီးမှူးကျင်းပတဲ့ Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်နေပြီး နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ဖက်ဒရယ်နဲ့ တရားရေးမဏ္ဍိုင်ပြုပြင်ပြောင်းလည်းရေး ကိစ္စရပ်များကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီများက ခေါင်းဆောင်များနဲ့ တတ်သိပညာရှင်များတက်ရောက်ပြီး အပြန်အလှန်ဆွေး နွေးအကြံပြုကြမှာဖြစ်တယ်လို့ UNFC က သတင်းထုတ်ပြန်ထားပါတယ်။

Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ရက် ဒီနေ့ကစပြီး ၄ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)