ေတာင္ဥကၠလာေစ်းေတြမွာ ေဖာ္မလင္သံုးတဲ့ အစားအစာေတြ႕

0
369

ရန္ကုန္တိုင္း၊ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ပေဒသာေစ်း၊ နႏၵာဝန္ေစ်းနဲ႔ ေဆးဆိုင္ (၉)ဆိုင္ကို တိုင္းအစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဌာန FDA က ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခဲ့ရာမွာ အစားအစာေတြမွာ ေဖာ္မလင္သံုးထားတာေတြ႔ရသလို ေဆးဆိုင္အမ်ားစုဟာလည္း မွတ္ပံုမတင္ ထားတဲ့ ေဆးေတြ ေရာင္းေနတာ ေတြ႔ရွိခဲ့ပါတယ္။

စက္တင္ဘာ ၂၆ ရက္က တိုင္း FDA က ၀င္ေရာက္စစ္ေဆးခဲ့တာျဖစ္ျပီး ပေဒသာေစ်းမွာ ေရာင္းေန တဲ့ အမဲေသြးမွာ ေဖာ္မလင္သံုးထားတာ ေတြ႔ရတယ္၊ ေစ်းမွာ ေရာင္းေနတဲ့ ၫွပ္ေခါက္ဆြဲမွာလည္း ေဖာ္မလင္ေတြ႕ရွိတယ္၊ ပင္ရင္းထုတ္လုပ္တဲ့ လုပ္ငန္းကိုလည္း စစ္ေဆးေတြ႔ရွိထားလို႔ အစား အေသာက္မွာ ေဖာ္မလင္ထည့္သြင္းအသံုးျပဳသူမ်ားကို FDAက အမႈဖြင့္တရားစြဲ အေရးယူမႈမ်ား ျပဳလုပ္သြားမယ္လို႔ တိုင္းFDA သတင္းမွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ေဆးဆိုင္(၉)ဆိုင္ အနက္ ေဆးဆိုင္(၈)ဆိုင္မွာ မွတ္ပံုတင္ ထားျခင္းမရွိတဲ့ ေဆးဝါးမ်ားေရာင္းခ်ေနတာေတြ႔ရလို႔ ေရာင္းခ်သူေတြကို စီမံခန္႔ခြဲမႈနည္းလမ္းမ်ားအရ အေရးယူမႈမ်ားျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္က ထာက္ခံခ်က္မရွိတဲ့ ေသာက္ေရသန္႔ RCD လုပ္ငန္းကိုလည္း တိုင္း FDAက ပိတ္သိမ္းအေရးယူခဲ့ပါတယ္။
……………………… ။ ။ …………………………

တောင်ဥက္ကလာဈေးတွေမှာ ဖော်မလင်သုံးတဲ့ အစားအစာတွေ့

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာဈေး၊ နန္ဒာဝန်ဈေးနဲ့ ဆေးဆိုင် (၉)ဆိုင်ကို တိုင်းအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အစားအစာတွေမှာ ဖော်မလင်သုံးထားတာတွေ့ရသလို ဆေးဆိုင်အများစုဟာလည်း မှတ်ပုံမတင် ထားတဲ့ ဆေးတွေ ရောင်းနေတာ တွေ့ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်က တိုင်း FDA က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ပဒေသာဈေးမှာ ရောင်းနေ တဲ့ အမဲသွေးမှာ ဖော်မလင်သုံးထားတာ တွေ့ရတယ်၊ ဈေးမှာ ရောင်းနေတဲ့ ညှပ်ခေါက်ဆွဲမှာလည်း ဖော်မလင်တွေ့ရှိတယ်၊ ပင်ရင်းထုတ်လုပ်တဲ့ လုပ်ငန်းကိုလည်း စစ်ဆေးတွေ့ရှိထားလို့ အစား အသောက်မှာ ဖော်မလင်ထည့်သွင်းအသုံးပြုသူများကို FDAက အမှုဖွင့်တရားစွဲ အရေးယူမှုများ ပြုလုပ်သွားမယ်လို့ တိုင်းFDA သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တောင်ဥက္ကလာပမြို့နယ်ရှိ ဆေးဆိုင်(၉)ဆိုင် အနက် ဆေးဆိုင်(၈)ဆိုင်မှာ မှတ်ပုံတင် ထားခြင်းမရှိတဲ့ ဆေးဝါးများရောင်းချနေတာတွေ့ရလို့ ရောင်းချသူတွေကို စီမံခန့်ခွဲမှုနည်းလမ်းများအရ အရေးယူမှုများပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တောင်ဥက္ကလာပမြို့နယ်က ထာက်ခံချက်မရှိတဲ့ သောက်ရေသန့် RCD လုပ်ငန်းကိုလည်း တိုင်း FDAက ပိတ်သိမ်းအရေးယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)